ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

နေရစ်ခဲ့တော့ မာယာဝေ

နေရစ်ခဲ့တော့ မာယာဝေ
-------------------------

မြတ်နိုးစွာ ချစ်မိပေမယ့်
တိတ်တိတ်လေးသာ ဆွေးတော့မည် ။


ဥပေက္ခာတွေ ပြုရက်လွန်းလေတော့
မကြင်နာ မောင် ပြန်စိမ်းရင်
ဝေ ကလေငြိုငြင်ကာ အပြစ်ဖို့လေမလား
ဟင်း ....................
အအိပ်ခက်တယ် ကွယ် ။

နားလည်မှုတွေ သေခြာအောင်ညှိပေမယ့်
မစာနာ အကြင်နာကင်းသူမို့
ပြန်တွေးရင် ဝေဒနာဖြစ်ပါတယ်
အချစ်ကိုကွယ် မာယာဥာဏ်ပြုရက်လေတော့
ဝေဒနာသည် သည်အပူရုပ်ကို
လူမြင်အောင် ထုတ်ကာမပြတော့ပါဘူး
ဟင်း
စိတ်ညစ်တယ် ကွယ် ။

မောင် ပြောတောင် မသနားပါဘူး
ဝေ့ စိတ်မှာအချစ်စစ်မရှိလေတော့
စိတ်တွေကုန် ဝေဒနာစတွေက
ရင်ထဲမယ် ဒါဏ်ရာလေးတွေပဲ
စိုးစိတ်ဝယ် ဗျာပါဒတွေနဲ့
ကိုယ်ဘာသာတစ်ယောက်ထဲ ဖြေလို့
မျက်ရည်တွေ ဟန်ဆောင်ထိန်းလိုက်မယ်
နင် ပျော်သလိုသာ နေခဲ့ပါတော့
ငါ့ကိုယ်မချစ်တဲ့ ငါ့ ချစ်သူရယ် ။ ။

No comments:

Post a Comment