ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ရင် ကွဲ နာ

ရင် ကွဲ နာ
#####

မကြင်နာလို့
ထားခဲ့ရက်ပေမယ့်

နင့် အပြုံးတွေကို မြတ်နိုးတယ် ~

ရင်မဆိုင်ရဲလို့
စွန့်ခွာသွားပေမယ့်
တိုက်ဆိုင်မှုရှိတိုင်း လွမ်းသေးတယ် ×

တိမ်းရက်သူမို့
အစိမ်းတစ်ကယ် ခွဲခဲ့ပေမယ့်
ဝေဒနာများနဲ့ လူ က
နာကျင့်မှုတွေကို
အလွမ်းဆေးနဲ့ ဖြေဘူးတယ် ×

သစ္စာမရှိလို့
အသစ်ပြောင်းသွားပေမယ့်
ပစ်ပယ်ခဲ့သူ နင့် ကိုမှ
မိုက်မဲ့စွာ ငါ့ နှလုံးသားက
စိတ်နာနာနဲ့ ချစ်သေးတယ် @

No comments:

Post a Comment