========

ဝေရယ်
မကြင်နာ တမင်ခွာ
တိမ်းပြီဆိုမှဖြင့်
မကျေနပ်ပေမယ့်
နေတက်ရမှာပေါ့
ဝေရယ်
အပြစ်ရှာ မုန်းရက်လို့
စိမ်းကားရက်ပြီဆိုမှဖြင့်
ဝမ်းနည်းပေမယ့်
လမ်းခွဲရမှာပေါ့
ဝေရယ်
တဏှာအချစ်တွေ
အကာအချစ်တွေ
မာယာအချစ်တွေ
တင်္ဒဂ အချစ်တွေဆိုမှဖြင့်
ဒီရင်မှာ ပူလောင်ပါမလား
မုသားမပါ လင်္ကာမချောဆိုပေမယ့်
အချစ်တုတွေနဲ့တော့
မောင့်ရင်ကိုယ် မကျီစားပါနဲ့လား
တာနောလို့ ငုံ ဒဿလိုအချစ်
ရာမလို အကြင်နာ
လက္ခဏာလို စွန့်လွတ်
ထိုထို အချစ်များစွာနဲ့ 
ပါရမီ အချစ်တွေ ဖြစ်တည်ခဲ့သူမို့
ဝေ ရေ
လှမ်းကမ္ဘာတွေ ခြားနေညား
ဝေ တစ်ယောက်တော့ဖြင့်
လွမ်းဘဝမီးတွေငြိမ်းပါစေ လို့ ...
No comments:
Post a Comment