ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

လောက အလှ

လောက အလှ
-------------


Photo: လောက အလှ
---------------
ပွင့်ဖူးဝေဆာ ပန်းမာလာတို့
ရောင်သွေးစုံစွာ ဖြူ နီ ဝါ ဖြင့်
တင့်လှပေကြ ပန်းတိုင်းလှ၏
အလှ အလှ ပန်းများအလှ ။

တို့များကမ္ဘာ တို့ကမ္ဘာမှာ
နေထွက်အလှ ဆည်းဆာလှနဲ့
ရွှန်းစိုမြမြ အရမ်းလှသော
ရောင်စုံလှတွေ ပြောလို့မကုန်
မြေဝသုန်မှာ ရှိကြလိမ့်မည်
အလှ အလှ ရှူ့တိုင်းအလှ ။

ပျိုမြစ်ငယ်သော မိန်းမတွေလည်း
နူတ်ခမ်းတွန့်ကွေး လေးကိုင်းလေးနဲ့
မျက်နှာဝိုင်းလို့ ပါးချိုင့်လေးရယ်
စုံလို့လင်စွာ အများတကာ
အို .......
တင့်တယ်ရူပ အဆင်းလည်းလှ
အလှ အလှ ရုပ်နာမ်အလှ ။

ဖြူအောင်စိတ်မွေး ကောင်းအောင်တွေးရင်း
မသူတော်ဥာဏ် ရှောင်ခွာဖယ်လို့
ဖြောင့်မတ်ရိုးသာ ကူညီညားကာ
စိတ်ဓါတ်ဖြူစင် မေတ္တာယှဉ်တော့
ဂရုဏာရယ် အကြင်နာဖြင့်
ကိုယ့်ချင်းစာလို့ မုဒိတာနဲ့
ခင်ဗျာနွမ်းပါး ဆင်းရဲသားကို
ဖေးမကူခါ ထောက်ထားပါတဲ့
စံပြအလှ စိတ်အလှက
ရုပ်အလှရယ် ကျန်အလှနဲ့
အလှများစွာ လှတကာတွင်
ပြိုင်လာသူရှူံး စိတ်အလှစုံး
ဘယ်သူငြင်းကြ မတုန်း ။ ။

(ချစ်ရသူလှိုင်မင်း)
ပွင့်ဖူးဝေဆာ ပန်းမာလာတို့
ရောင်သွေးစုံစွာ ဖြူ နီ ဝါ ဖြင့်
တင့်လှပေကြ ပန်းတိုင်းလှ၏
အလှ အလှ ပန်းများအလှ ။

တို့များကမ္ဘာ တို့ကမ္ဘာမှာ
နေထွက်အလှ ဆည်းဆာလှနဲ့
ရွှန်းစိုမြမြ အရမ်းလှသော
ရောင်စုံလှတွေ ပြောလို့မကုန်
မြေဝသုန်မှာ ရှိကြလိမ့်မည်
အလှ အလှ ရှူ့တိုင်းအလှ ။

ပျိုမြစ်ငယ်သော မိန်းမတွေလည်း
နူတ်ခမ်းတွန့်ကွေး လေးကိုင်းလေးနဲ့
မျက်နှာဝိုင်းလို့ ပါးချိုင့်လေးရယ်
စုံလို့လင်စွာ အများတကာ
အို .......
တင့်တယ်ရူပ အဆင်းလည်းလှ
အလှ အလှ ရုပ်နာမ်အလှ ။

ဖြူအောင်စိတ်မွေး ကောင်းအောင်တွေးရင်း
မသူတော်ဥာဏ် ရှောင်ခွာဖယ်လို့
ဖြောင့်မတ်ရိုးသာ ကူညီညားကာ
စိတ်ဓါတ်ဖြူစင် မေတ္တာယှဉ်တော့
ဂရုဏာရယ် အကြင်နာဖြင့်
ကိုယ့်ချင်းစာလို့ မုဒိတာနဲ့
ခင်ဗျာနွမ်းပါး ဆင်းရဲသားကို
ဖေးမကူခါ ထောက်ထားပါတဲ့
စံပြအလှ စိတ်အလှက
ရုပ်အလှရယ် ကျန်အလှနဲ့
အလှများစွာ လှတကာတွင်
ပြိုင်လာသူရှူံး စိတ်အလှစုံး
ဘယ်သူငြင်းကြ မတုန်း ။ ။

No comments:

Post a Comment