ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

အမေ့ ရွာ


အမေ့ ရွာ
^^^^^
Photo: အမေ့ ရွာ
^^^^^

မှိုင်းပြကယ်တဲ့ ရီရီညို
ရိုးမကိုဖြင့် နောက်ခံထား
လှိုင်မြစ်မင်းရယ် ခွေကာစင်းလို့
ငယ်စဉ်မှကွယ် အခြေတည်ရင်း
တို့များမွေးရွာ အမေ့ရွာသို့
မျှော်ရင်းမှန်းစ လွမ်းတမ်းတကာ
ကဗျာတစ်ပုဒ်တော့ ရေးမိပြီ ။

ရွာဦးထိပ်တွင် စေတီဖွေးဖြင့်
ပွင့်ဖူးညောင်ပင် ရေချမ်းစင်ရော
စုံလို့လင်စွာ အမေ့ရွာက
ငြိမ့်အေးသာယာ လွမ်းလိုက်တာ ။

အုပ်အော်သောင်းနင်း လယ်ယာကွင်းဖြင့်
တေးဆိုငြိမ့်ညောင်း ပုလွေကောင်းမှ
တံတျာသံသာ ဝေဆာဆာနဲ့
လွမ်းသူလက်တို့ မျက်ရည်စို့တယ်
သာမောပါတဲ့ အမေ့ရွာ ။

အလှဝေဖြာ အမေ့ရွာမှ
ရွာသူရွာသား စုပေါင်းအားနဲ့
စိတ်ထားညီညာ ဆောင်ရွက်တာက
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
သာရေးနာရေး ရပ်ရွာရေးနှင့်
လမ်းဖောက်လမ်းပြင် မြေရိုင်းထွင်လျက်
တံတားဆောက်ခါ ကျောင်းဆောက်ကာနဲ့
ရွာလျှင်သာမှု့ အစုစုကို
ပေါင်းစုပြုကြ ဆောင်ရွက်ကြတော့
လွမ်းမျက်ရည်ဝဲ ပါးပြင်တွဲတယ်
စိတ်ကောင်းကြည်တဲ့ အမေ့ရွာ ။

သာအေး မောင်လှ စာဥ မကျန်
ရပ်ရွာကလေး အကုန်တွေးရင်း
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
အားတွေတင်းလို့ မာန်ကိုနှင်းမယ်
တစ်နေ့တော့ဖြင့် ပြန်ခဲ့မယ်
အ မေ့ ရွာကလေးသို့ ကွယ် ။ ။

(ချစ်ရသူလှိုင်မင်း)
မှိုင်းပြကယ်တဲ့ ရီရီညို
ရိုးမကိုဖြင့် နောက်ခံထား
လှိုင်မြစ်မင်းရယ် ခွေကာစင်းလို့
ငယ်စဉ်မှကွယ် အခြေတည်ရင်း
တို့များမွေးရွာ အမေ့ရွာသို့
မျှော်ရင်းမှန်းစ လွမ်းတမ်းတကာ
ကဗျာတစ်ပုဒ်တော့ ရေးမိပြီ ။

ရွာဦးထိပ်တွင် စေတီဖွေးဖြင့်
ပွင့်ဖူးညောင်ပင် ရေချမ်းစင်ရော
စုံလို့လင်စွာ အမေ့ရွာက
ငြိမ့်အေးသာယာ လွမ်းလိုက်တာ ။

အုပ်အော်သောင်းနင်း လယ်ယာကွင်းဖြင့်
တေးဆိုငြိမ့်ညောင်း ပုလွေကောင်းမှ
တံတျာသံသာ ဝေဆာဆာနဲ့
လွမ်းသူလက်တို့ မျက်ရည်စို့တယ်
သာမောပါတဲ့ အမေ့ရွာ ။

အလှဝေဖြာ အမေ့ရွာမှ
ရွာသူရွာသား စုပေါင်းအားနဲ့
စိတ်ထားညီညာ ဆောင်ရွက်တာက
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
သာရေးနာရေး ရပ်ရွာရေးနှင့်
လမ်းဖောက်လမ်းပြင် မြေရိုင်းထွင်လျက်
တံတားဆောက်ခါ ကျောင်းဆောက်ကာနဲ့
ရွာလျှင်သာမှု့ အစုစုကို
ပေါင်းစုပြုကြ ဆောင်ရွက်ကြတော့
လွမ်းမျက်ရည်ဝဲ ပါးပြင်တွဲတယ်
စိတ်ကောင်းကြည်တဲ့ အမေ့ရွာ ။

သာအေး မောင်လှ စာဥ မကျန်
ရပ်ရွာကလေး အကုန်တွေးရင်း
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
အားတွေတင်းလို့ မာန်ကိုနှင်းမယ်
တစ်နေ့တော့ဖြင့် ပြန်ခဲ့မယ်
အ မေ့ ရွာကလေးသို့ ကွယ် ။ ။

No comments:

Post a Comment