ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, May 10, 2014

လ တန် ခူး


Photo: လ တန် ခူး
*********
ထူးမြတ်ချိန်ခါ တန်ခူးမှာ
လရောင်တင့်ဆန်း ပွင့်သောပန်း
ရွှေဝါ ပိတောက်ပန်း ။

ဥသြငှက်ရယ် ပင်ယံမယ်
ချစ်တေးရင့်ကျူး လွမ်းစိတ်မြူး
ဖို မ အသံထူး ။

ကြည်နူးစုံလင် ပျော်လိုပင်
ရွှင်သာပျော်ကျူး ရေစင်ဦး
ဖျန်းလို့သာပင် မြူး ။

ကောင်းမှု့ဝေဆာ အဖြာဖြာ
များငါပေါင်းစု အလှူပြု
နိဗ္ဗာန်ဝင်မယ့် ဆု ။

သက်စေ့စုံစွာ လွှတ်ကြတာ
မေတ္တာရှေ့ထား သဒ္ဒါအား
မြတ်ဗုဒ္ဓတရား ။

ဥပုတ်သီလ ဖြူစင်စွ
တန်ခူးလမှာ ပွားများကြ
သာယာနှစ်ကူး အလှထူး
မြန်မာတို့ရဲ့ တန်ခူး ။ ။

(ချစ်ရသူလှိုင်မင်း)
လ တန် ခူး
*********
ထူးမြတ်ချိန်ခါ တန်ခူးမှာ
လရောင်တင့်ဆန်း ပွင့်သောပန်း
ရွှေဝါ ပိတောက်ပန်း ။

ဥသြငှက်ရယ် ပင်ယံမယ်
ချစ်တေးရင့်ကျူး လွမ်းစိတ်မြူး
ဖို မ အသံထူး ။

ကြည်နူးစုံလင် ပျော်လိုပင်
ရွှင်သာပျော်ကျူး ရေစင်ဦး
ဖျန်းလို့သာပင် မြူး ။

ကောင်းမှု့ဝေဆာ အဖြာဖြာ
များငါပေါင်းစု အလှူပြု
နိဗ္ဗာန်ဝင်မယ့် ဆု ။

သက်စေ့စုံစွာ လွှတ်ကြတာ
မေတ္တာရှေ့ထား သဒ္ဒါအား
မြတ်ဗုဒ္ဓတရား ။

ဥပုတ်သီလ ဖြူစင်စွ
တန်ခူးလမှာ ပွားများကြ
သာယာနှစ်ကူး အလှထူး
မြန်မာတို့ရဲ့ တန်ခူး ။ ။

No comments:

Post a Comment