
ခေါင်းထောင်လို့ ကြော့
-----------------------
သရုပ်ပျက် သဏ္ဍန်တွေနဲ့ရယ်
အဟုတ်မှတ်ခါ မကြံလိုက်လေနဲ့
နင် ဘဝပျက်သွားမယ် ညီမလေးရယ် ....
ခေတ်ဆန်ဆန် ဘိုစိတ်အတွေးတွေနဲ့
အပျက်မြန်မြန် အနောက်တိုင်းရူးတော့
ကဲ ဘယ်မှာတုန်း လက်သယ်မပေါ်တဲ့ ကလေး
ရင်လေးဖွယ် အထင်မသေးပါဘူးကွယ်
စိုးထိတ်ဝယ် စိတ်အတွေးနဲ့
နင့် အတွက်စိတ်မအေးပါ ညီမလေးရယ် ....
ညီမလေး ရေ
ခတ်အမြင် ခေတ်အလိုက်တွေနဲ့မို့
ရှေ့ရိုးဆန်ဆန် နေရမယ်လည်း
အကို မပြောပါဘူး ကွယ်
သူခေတ်နဲ့ သူအခါ ဆိုတော့
မဝတ်နဲ့မဟုတ်ပါဘူး ဝတ်ပါလေ
လှပ်ပေါ်လော်လီလို့ ဂေါ်လီဆန်
ရှေ့ကွဲ နောက်ကွဲ အကုန်ကွဲတွေနဲ့
အမလေး အေ
အကုန်သာ ခွဲ လို့ ဝတ်ရင်တော့
သေခြာတယ် ညီမလေး ရေ
ရာဂဆိုတဲ့ မာယာ တဏှာကြီးကိုမှ
ပေါ်တင် စိန်ခေါ်လေခြင်းပေါ့ ...
ညီမလေး ရေ
မွှေးပျံနွယ် ရှင်သနပ်ခါးတွေနဲ့
ရှက်ရွံ့ဖွယ် မိကပ်အဆွေးက
ကဲ
ဘယ်အရာ ပျောက်လွယ်ဆုံးလဲ
ခေတ်အညင် ခေတ် အမှိုက်တွေနဲ့
စိတ်ဘဝင် ရွှင်ကြည်မဆုံးတော့
လမ်းမှားခါ ငွေနောက်လိုက်ရင်
မယားငယ် နာမည်ဆိုးနဲ့
မျက်နှာငယ်မယ် ညီမလေးရယ် ....
ညီမလေး ရေ
လှိုင်းကြီးလို့ ရေထန်
အားမတန် မာန်မလျှော့နဲ့
ပန်း ဆိုတာတွေက
မွှေးပျံလွယ် ရနံ့အမယ်မယ်မို့
နမ်းဖို့ရွယ် ပန်းဖျက်မုဆိုးတွေအတွက်
ဆူး ထုတ်ကွယ် နှင်းဆီ လိုပေါ့
ညီမလေး ရေ ခေါင်းထောင်လို့ မော့ ....
No comments:
Post a Comment