ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

လ မြတ် က ဆုန်

လ မြတ် က ဆုန်
************
Photo: လ မြတ် က ဆုန်
************

မြင့်ဖျားရယ်က နေသူရိန်

တန်ခိုးအရှိန် လွှတ်ပြန်သွင်းလေတော့
ကဆုန်ချိန် သည် ခါ သမရ မှာ
ပူ ပြင်း လို့ ရှိန် ။

သကြားရယ် ရှင်နတ်မင်းနှင့်
အသူရာ စစ်တွေခင်းပါတော့
တိမ်ဗွေမှာ ရောင်ကြည်ရွှန်းတယ်
ထွန်း တောက် လို့ ထိန် ။

စုံကန္တာ ဟေမြိုင်ထဲမှာလ
ငှက်သာရကာ ပျော်ရွှင်မြူးပေမယ့်
ဖော်မဆုံတယ် ချစ်သူများမှာဖြင့်
မြန်ပြည်ကို တမိတော့
လွမ်း မိ တယ် လေး ။

လကဆုန် 
ပန်းတွေရယ် ထိန်ထိန်လျံတော့
ပန်းစကားဝါ
သူ့ခေါင်းမယ် ပန်ဆင်မြန်းလို့
မြန်တစ်ခွင် ပြည်သူပေါင်းရယ်က
လောင်းကြတယ် ညောင်ရယ်ပွဲကိုလ
လွမ်း မိ တယ် လေး ။ ။

(ချစ်ရသူလှိုင်မင်း)မြင့်ဖျားရယ်က နေသူရိန်

တန်ခိုးအရှိန် လွှတ်ပြန်သွင်းလေတော့
ကဆုန်ချိန် သည် ခါ သမရ မှာ
ပူ ပြင်း လို့ ရှိန် ။

သကြားရယ် ရှင်နတ်မင်းနှင့်
အသူရာ စစ်တွေခင်းပါတော့
တိမ်ဗွေမှာ ရောင်ကြည်ရွှန်းတယ်
ထွန်း တောက် လို့ ထိန် ။

စုံကန္တာ ဟေမြိုင်ထဲမှာလ
ငှက်သာရကာ ပျော်ရွှင်မြူးပေမယ့်
ဖော်မဆုံတယ် ချစ်သူများမှာဖြင့်
မြန်ပြည်ကို တမိတော့
လွမ်း မိ တယ် လေး ။

လကဆုန်
ပန်းတွေရယ် ထိန်ထိန်လျံတော့
ပန်းစကားဝါ
သူ့ခေါင်းမယ် ပန်ဆင်မြန်းလို့
မြန်တစ်ခွင် ပြည်သူပေါင်းရယ်က
လောင်းကြတယ် ညောင်ရယ်ပွဲကိုလ
လွမ်း မိ တယ် လေး ။ ။

No comments:

Post a Comment