
ကြောက်လို့ပါကွယ် ချစ်သူရယ်
=+=+=+=+=+=+=+=
အချစ်ဆိုတာ
တစ်ခါ တစ်ခါ
ပန်းတစ်ပွင့်လိုပါပဲ
ပွင့်ချိန်တန်မှ ပွင့်လိမ့်မပေါ့ ။
အချစ်ဆိုတာ
တစ်ခါ တစ်ခါ
အသီးတစ်လုံးလိုပါပဲ
ကြွေချိန်တန်ရင်တော့ ကြွေစမြဲပါပဲ ။
အချစ်ဆိုတာက
ရယူခြင်းတွေ ပေးဆပ်ခြင်းတွေ
စွန့်လွတ်ခြင်းတွေ အနစ်နာခံခြင်းတွေ
ယုံကြည်ခြင်းတွေ သစ္စာရှိမူ့တွေနဲ့
ပေးသူယူသူ ညီမျှနေမှလေ
မဟုတ်ရင်တော့
ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ
အချိန်မရွေး ပေါက်ကွဲနိင် တာပေါ့ ။
ချစ်တာတွေသိလို့ သစ္စာတွေရှိမယ်ဆို
နှလုံးသားက မေတ္တာတွေ စုလို့
ချစ်သောမင်းဆီ ဆက်သလိုက်မယ်
မချစ်တက်လို့ တိမ်းခါစိမ်းလျှင်
ကျွန်တော် အချစ်တွေကိုတော့
ပြန်ပို့ပေးပါနော်
အလဲအကွဲနဲ့ အသည်းကွဲမှာ
ကြောက်လို့ပါကွယ် ချစ်သူရယ် ။ ။
No comments:
Post a Comment