ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 8, 2014

တစ်ခဏပါ ကွယ်


တစ်ခဏပါ ကွယ်
×××××××××

လာ တုန်းကလည်း ငါ မပါ
................ ပြန်သွားတော့လည်း ငါ မမြဲ
ငါ ၏အစွဲ ငါ တွင်မြဲလို့
ငါ လည်းမဟုတ် ငါ အပုတ်တွေ
လူဘုံလောက လူလောကဝယ်
မမြဲပစ္စည်း မမြဲအိုးအိမ် မမြဲခန္ဓာ ဖြင့်
ရုပ် နာမ် ကို ခွဲ ငါ သူ အစွဲက
အမြင်မတော်
.................... မာနတွေနဲ့မို့
စင်ပေါ်မှာ အသာရ
ဩော်
............. တခဏ ပါကွယ် ။

လူ့ ဘဝကို
............... သေခြာတွေး
နင် လည်း မဟုတ်
ငါ လည်း မဟုတ်
အပုတ်ကောင်းခြင်း
ရုပ်ဆောင်ခြင်း အတူ
ကြီးသူ ရိုသေ
ငယ်သူ သနား 
ရွယ်တူ လေးစားမှ
ပြာကြ ရင် ဘာမှမရတာက
ဩော် ...... သဘာဝပါ ကွယ် ။

No comments:

Post a Comment