ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 8, 2014

မလွမ်းဘူး ချို


မလွမ်းဘူး ချို
-------------

ငါ မလွမ်းဘူး ချို
ပေးသူ ယူသူ မညီမျှတဲ့
ဒီ ဇတ်လမ်းမှာ
ငါ ခက်ကြမ်းကြမ်းပဲ ရပ်လိုက်မယ် .....

ငါ မဆွေးဘူး ချို
တန်ဖိုးထားလေ ယောက်တက်လေနဲ့
ထောက်ထားမညှာ ဖောက်ပြားပါတော့
နင်လမ်း နင်လျှောက် ငါလမ်း ငါဖောက်ပဲ .....

ငါ မသနားဘူး ချို
ခွေးဇတ်ခင်းတဲ့ 
အရှက်မရှိသော သိက္ခာခင်းပွဲမှာ
အောင်နိင်သူ စစ်သူကြီးလို့
ပြုံး ပြုံးပြီး မော်ပြပေးမယ် .....

No comments:

Post a Comment