================

ငါ ခေါ်လိုက်တိုင်း မအားတဲ့ နင့် ဖုန်း
အော် သူ့ သူငယ်ချင်းတွေနဲ့ ပြောနေတယ် ထင်ပ
ငါ စာတွေအများကြီး ရေးပို့တိုင်း
တစ်ကြောင်းတောင် မပြန်တဲ့
အော် သူ အလုပ်တွေများနေတာပဲလို့
ငါ နဲ့ဖုန်းပြောနေတိုင်း
နောက်ဖုန်းဝင်လာခဲ့ရင်
ငါ့ ဖုန်းကိုချပြီး နောက်ဖုန်းကို အမြဲကိုင်တိုင်း
အော် ငါထက်အရေးကြီးတဲ့သူပဲ ဆိုတဲ့အတွေးနဲ့
ယောက်ကျားဆိုတဲ့ အသိကိုဘေးချ
မာန တရားဆိုတာကို ခြေမှာနင်း
လည်စင်းစွာ ပေးထားတာတောင်မှ
ငါ့ မျက်ရည်စနဲ့ ခြေဆေးချင်သေးသပဆိုလည်း ဆေးပါချစ်သူ
မေတ္တာဆိုတာ ယောင်ပြန်ဟပ်စမြဲပါလေ
ငါ့ မေတ္တာ ငါ့ သစ္စာ ငါ့ အချစ် တွေကိုတော့
နင် မစော်ကားလိုက်ပါနဲ့ ချစ်သူရယ်
မေတ္တာမှန်သူတစ်ယောက်ရဲ့
အချစ်တွေကို စော်ကားမိရင်
နင် မေတ္တာစူးတွေ ဆူးနေမှာဆိုးလို့ပါ
ချစ်သူရေ
အလှမ်းကွာဝေးနေကြလို့ တို့တစ်တွေ အွန်လိုင်းကနေ
ရင်းခြင်းတွေ နီးရအောင် ကြံဆောင်က ရည်စူးပေမယ့်
ချစ်တဲ့သူ မိစိမ်းကားရယ်က
ဥပေက္ခာတွေ ပြုရက်လွန်းပါများတော့
သံယောဇဉ်တွေ က သံသရတွေ ဖြစ်မည်ဆို
တို့နှစ်ဦးရဲ့ ကြိုး မည်သို့မည်ပုံ ဆက်ထုံးခွေမလဲ ချစ်သူရယ် ...
No comments:
Post a Comment