-------------------

အလာကယ်ပါ အပြန်ကယ်ပါလို့
ငါ ယောင်လိုပင် အော်မနေဘူး
မချစ်လို့ တိမ်းမှဖြင့်
ငါ ခပ်စိမ်း ...... စိမ်း နေပြမယ်
မချစ်လို့ မုန်းမှဖြင့်
ငါ ပြုံး ..... ပြုံး ပြီးနေပေးမယ်
မချစ်လို့ ထားမှဖြင့်
ငါ ဘာကို တွယ်တာနေရအုံးမလည်းဟယ်
ဂျင် စိမ်းနဲ့ မိတ်သလင် လို
နင် ကြင်မှ ငါ ကြင်
နင် စိမ်းရင် ငါ စိမ်း
နင် တိမ်းရင် ငါ ယိမ်းယုံပေါ့
မေတ္တာတွေ မပါတဲ့ သည်ပွဲမှာ
လည်းနေရင် ထူးပေးဖို့
ဘေးကနေ ထိုင်ကြည့်နေပေးမယ် မာယာ ။
No comments:
Post a Comment