ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

လွမ်း မ ပြေ ပန်း ဝေ


လွမ်း မ ပြေ ပန်း ဝေ
---------------------

ပန်းဝေ ရေ 
ပန်းစံပယ်နှယ် ဆန်းထလွန်းသူမို့
နန်းအလယ်မှာ ထယ်သင့်ပေမယ့်
အမိုက်ကြွယ် အယူအတွေးနဲ့
အချစ်ပန်းကို ဆွတ်လှမ်းခြွေရင်း
ချွေယူလှောင်စား အမိုက်မှားပေါ့
ပန်း ဝေ ရယ် .....

ပန်းဝေ ရေ 
ပန်းလိုပဲကြွေ ဘဝကံခေတော့
ကျား တကာ နှလုံးသားကိုမှ
နင် ဖဲမွေ့ယာ ထင်ရက်လေသလား
ရာဂ အမှောင်ဖုံး ချည်နှောင်ထုံးတော့
အငိုလွယ် အရှိုက်ခက်တွေနဲ့
အကြွေလွယ် ဘဝပျက်ပါပေါ့
ပန်းဝေ ရယ် .....

ပန်းဝေ ရေ
အလှ ဆိုတာက တခဏပါ
ဘဝဆိုတာက မတည်မမြဲမို့
အနိစ္စ သဘောတွေ မမြင်လေတော့
လောကကို ကဇောင်းတင်
နင် အရွဲတိုက်ရက်လေသလား
ပန်းဝေ ရယ် .....

ပန်းဝေ ရေ
တစ်ပွင့်ကြွေ တစ်ပွင့်ဝေတာက
ပန်းဆိုတဲ့ သစ်ပင်ပန်းပင်တွေပါလေ
သက်ရှိဆိုတဲ့ နင်တို့လို
အဖိုးထိုက်တဲ့ ပန်းကလေးတွေကတော့
တစ်ပွင့်ကြွေ တစ်ပွင့်ဝေ ရင်
နှစ်ပါးအမြင်မှာ ကြင်ပေမယ့်
အများအမြင်မှာတော့ မိန်းမပျက်ပါ
ပန်းဝေ ရယ် .....

ဩော်
ပန်း ဆိုရင်လည်း ကြိုက်
အလွမ်း ဆိုရင်လည်း ခိုက် တဲ့
ပန်း ဝေ ရေ ...
အ ချစ် တွေ လည်း ဝေ
ပန်း လည်း ကြွေ တော့
ဖြေ မ စည် မျက် ရည် ရွှဲ လို့
လွမ်း စိတ် နဲ့ ရေး .......

No comments:

Post a Comment