တို့ အားလုံးရဲ့ စံ
-----------------

ကမ္ဘာ အလယ်
အာဃ မြန်မာ
ရွှေမြန်မာ ဟု
အသက် စတေး
ဘဝ ပေးခါ
တို့များ ဖခင်
တို့ ဖခင်က
ရလို့ယူ၍ ပေးခဲ့ပြီ ....
အပြော မချို
စိတ်ဓါတ် မြင့်မား
ဥာဏ်ခွန် အားနဲ့
သွေးစည်း ကြရေး
ရည်မျှော် တွေးလို့
တို့များ သွေးသောက်
တို့သွေးသောက် နဲ့
ပင်လုံကိုပင် ချုပ်ခဲ့ပြီ ....
မယစ် စည်းစိမ်း
ရာထူး ဂုဏ်အိမ်
လယ်မြေ ချောင်းယာ
ယူလို့ မသွား
ပြည်ချစ် သားမို့
သမိုင်း ဖျောက်စေ
ပျောက်မသေတဲ့ တို့ဖခင် ...
စိတ်ဓါတ်တွေ မွဲ
ခေတ် ပျက်ထဲမှာ
မင်းလည်း မြန်မာ
ငါလည်း မြန်မာ
သမိုင်း တစ်ခု
နှိုင်းတု လို့ပင်
ပမာ တင်ခါ
လာမယှဉ် နဲ့
ရိုးရိုး ကျင့်လို့
မြင့်မြင့် ကြံသွား
ခေါင်းဆောင် အားကို
မေ့အပ်ပါသလား တို့လူငယ်များ ။
No comments:
Post a Comment