ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 8, 2014

ကောင်မလေး ရယ်

ကောင်မလေး ရယ်
-------------------

ငါ ကဗျာတွေကို ဘောင်ခက်မထားသလို
အချစ်ဆိုသော ဝေါဟာရကိုလည်း

ခတ်ဆစ်တွေနဲ့ တစ်ခန်းတစ်နား
ဖွဲ့ဆိုမထားပါဘူး ကောင်မလေးရယ် ။

ငါ့ ဆီလာမယ်ဆို
ပကာသနတွေ ဘေးမှထား
မာယာတွေကို မေ့လို့ထား
သစ္စာတွေကို ယုံကြည်ထား
စိတ်ဓါတ်တွေကို ဖြူအောင်ထား
မောက်မာတာတွေ လွတ်ပြစ်ထား
ဝမရှိပဲ ဝိလုပ်တာတွေ သိမ်းခါထား
ခေတ်ဆန်တဲ့ပြောပြီ လှပ်ပေါ်လော်လီလို့
ဟိုပေါ် ဒီပေါ် အမြင်မတော် ဝတ်စလစ်တွေနဲ့ဖြင့်
ယောင်လိုပင် လာ... လာ မမြူဆွယ်နဲ့
သဘာဝမဟုတ်တဲ့ တင်္ဒဂမှာ
ခဏတာ ငါ မသာယာနိင်တာ
ထာဝရပါ ကောင်မလေးရယ် ။

ငါ ချစ်တာသိလို့ သစ္စာရှိရင်
သနပ်ခါးကို ပါးမှာလူး
နံ့သာထူးတဲ့ အရိုင်းပန်းဆိုလည်း
ခြွေလို့ပင် နင်း ကာမသွားပဲ
တန်ဖိုးထား နမ်းသွားမယ့်
ကောင်စားပါကွယ် ကောင်မလေးရယ် ။ ။

No comments:

Post a Comment