ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ခရေ ချစ်သူသို့

ခရေ ချစ်သူသို့
---------------

ချစ်သူရေ
နင့် ကလေ ငါ့ အတွက်တော့
ထာဝရ ခရေးလေပါပဲ

ခရေပန်းက
အဆင်း လှတယ်
ရနံ့ သင်းတယ်
အေးမြတဲ့ မွှေးပျံ့မှုတွေနဲ့
ငါ မခြွေ မခူး မနမ်း ရက်သော
ပန်းကလေးပါ ခရေ ရယ်


ဩော်
ဥယျာဉ်မှုး တစ်ယောက်လို့
ငါ လေ ယုယစွာ ပျိုးခဲ့ပေမယ့်
လေ ..... သရမ်း ရုံနဲ့
နင် ကြွေတဲ့ လမ်းကိုမှ
ရွေးချယ်ရက်ခဲ့လေသလား ခရေ ရယ် ။

No comments:

Post a Comment