ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 8, 2014

ရိုင်းလို့သွားမလား ညီမလေးရယ်


ရိုင်းလို့သွားမလား ညီမလေးရယ်
================
ညီမလေးရေ
အများပြောတဲ့ ချစ်သူများနေ့တဲ့
အကိုကြီးတော့ အဖရာမို့
မပြောမပြီး မတီးမမြည်
နူတ်တစ်ရာ စာစကားလုံးနဲ့
ခွန့်နူတ်ခြွေ မှာတမ်းဖွင့်မယ်
ညီမလေးရေ နားစဉ် ကွယ် ....

ညီမလေးရေ
ချစ်သူမရှိလို့ ကိုယ်ချင်းမစားတက်ဘူးလို့တော့
စိတ်အရိုင်းဝင် မာန်မှိုင်းမဝင်မိပါနဲ့
ငယ်ရာကကြီးလာသူမို့ အကိုကလည်း
ညီမလေးတူစွာ ဖြတ်သန်းခဲ့ဖူးပါရဲ့နော်

ညီမလေးရေ
ခေတ်အမြင် ခေတ်အလိုက်တွေက
မျက်လုံးမှာ အမှိုက်လို လာလာဖြစ်လေတော့
ပန်းဦးကိုလည်း မပေးလှူနဲ့
ပန်းညွှန့်ကိုလည်း ခြွေမခူးစေနဲ့
ကျားသနားမှ နွားချမ်းသာမှာ
လောကကြီးရဲ့ သဘာဝပါကွယ် 

ညီမလေးရေ
ဘုန်းကြီးအတွက် နာမည်အစွဲပြု
ဝမ်းနည်မှု့အတွက် ချစ်သူများနေ့တဲ့လား
မယူခင်က အတူအိပ်မယ်
အတူအိပ်ပြီး မညားရှိသော်
ထိုထို မိန်းမ စိတ်နှစ်ခွမို့
မယားဝတ်ပင် ကျေပါမလား 

ညီမလေးရေ
အကိုကလည်း ယောက်ကျားတဲ့က 
ကျားဆိုတဲ့ သတ္တဝါ ပါပဲလေ
မည်သူမဆို ချစ်သူထံပါး
နူတ်လင့်ပါးခြင် စိတ်အစဉ်နဲ့
သတိ လေးတွေကပ်ပါလို့
အသိလေးတွေ မှတ်တက်ပါစေ
ညီမလေး ရယ် 

ညီမလေးရေ
နားလည်ရဲ့လား ဒီစကားတွေ
ချစ်သူတွေ့မို့ မတွေ့ရဘူး
မပေးရဘူး မယူရဘူး
အဲလို့ စကား မပြောကြားပါ
ချစ်သူခြင်းမို့ ရင်းနှီးထိုထို
စိတ်အပိုကို မလိုက်ပစား
တဏှာအားလို့ ဒဲ့များပြောရင်
ရိုင်းလို့သွားမလား ညီမလေး ရယ် ။ ။

No comments:

Post a Comment