••••••••••••••
အဖိုးတန်သော အချစ်တွေကိုမှ
ဈေးတန်ဖိုးတွေ မဖြတ်ပါနဲ့လား ခင် !
သဒ္ဒါကျွံရစ်ခါ နယ်လွန်နစ်ပြီမို့
ခင့်အပေါ်ကိုယ်မှ မေတ္တာစိတ်တွေ
ယိုဖိတ်မိခဲ့သူ ဆိုလေတော့ ---
ချစ်သမျှတွေက ပန်းအစစ်တွေပါကွယ်
ခင်မချစ်လို့ တိမ်းခဲ့ပင်လျှင်
အချစ်တို့က ဖူးခဲ့ပြီးပြီလေ ။
နှလုံးသားထဲက သွေးကြောတွေမှ
စိမ့်ထွက်သမျှ အကြင်နာတွေက
ဘယ်ခါမခမ်းတဲ့ စမ်းတွေပါကွယ်
ခင်မသောက်လည်း စီးဆင်းခဲ့ပြီပဲ ။
ရေးနေသမျှ တေးကဗျာတွေကို
မကြင်နာလို့ ခင်မဖတ်လည်း
သစ္စာတွေနဲ့ သီခဲ့မိပြီလေ ။
ခင်ရေ
နိုင်းစမရနိင်တဲ့ သမုဒ္ဒရာထက်
ကမ္ဘာမြေပြင်က ပဝါလေးသာဖြစ်ခြင်ပါတယ်
မနမ်းရက်တောင်မှ
ခင် ဝမ်းနည်းတဲ့အခါ မျက်ရည်လေးတွေ
သုတ်ပေးလို့ရအောင်ပေါ့ ။ ။
No comments:
Post a Comment