ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

မြင်နိင်စေသား ညို


မြင်နိင်စေသား ညို
=========

အို ....
ဟို တောင် တစ် ခွင် 
အနောက်ဘက်ခြမ်းဆီမှ
လျှပ်နွယ်တွေ ယိမ်းပါလို့
ရွှေမိုးရယ် ကိုပြည့်စုံက
ရွာမယောင်မယောင် ညိုညိုမည်းခါ
သည်း သည်း တော့မယ် ညို `````

အို .....
ဝဋ္ဌာရှစ်ခွင် မိုင်းညို့လွင်လို့ 
မြူခြေအလွှာ တင်းခါလေတော့
မောင့် ည တစ်ခင်းမှာ
လမင်း မသာရယ် မသာ
ကြယ်တွေရယ် မစုံနိင်တဲ့
မောင့် ရင် တလင်း မှာ
အချစ်ပန်းတွေ မဝေတော့ဘူး
ညိုရယ် ...




No comments:

Post a Comment