ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, May 9, 2014

ကဗျာ အဖြစ်သာ

ကဗျာ အဖြစ်သာ
----------------

နေရစ်ပါတော့
ကြွေလွင့်ပေတော့
ဘဝနယ် တစ်ကွေ့မှာ
ခဏရယ် တွေ့ခဲ့ရသော
ချစ်သောသခင် မောင့်အရှင်ရယ် .....

မောင့် ဘဝမှာ
ကဗျာတွေကို မောင် ချစ်ခဲ့သလို
နင် ဆိုတဲ့ သခင်မကိုလည်း
ကဗျာအဖြစ် စာအဖြစ်သာ
ချစ်ပါရစေတော့ မောင့်အရှင်ရယ် ....

ကဗျာ ဆိုတာတွေက
အဆင်း လှတယ်
ရနံ့ သင်းတယ်
မာယာ ကင်းတယ်
ဖြူစင်မှု့တွေ ရှိတယ်
ကဗျာ ဆိုတာ နူးညံ့ပေမယ့်
အချစ် အလွမ်း တွေနဲ့မှ
စာစီသူရဲ့ ထားရာမှာနေ
သူ့နယ်သူချစ် ရင်ဝယ်ဖြစ်မို့
ကဗျာ ပါပဲကွယ် ချစ်သူရယ် ။ ။

No comments:

Post a Comment