ရင်နင့်အောင်ပဲ ချစ်ခဲ့သည်
*******************
သိမှာစိုးတော့
မေတ္တာရယ်စစ် သစ္စာချစ်နဲ့
လွမ်းသစ်ပင်ထက် နွမ်းမရွှင်လျှက်
တွယ်တာဆဲနဲ့ အိမ်မက်ထဲသာ
ရင်နင့်အောင်ပဲ ချစ်တော့ပါမည်
*** မိုး ရယ် .....
ကံကိုမယုံ ဘဝနုံမို့
ကွေးကင်းနောက်ဆုံး ရှိစေအုံးပေါ့
ဝေးဝေးကမှန်း တစ်ယောက်ထဲသာ
ကြိတ်မှိတ်ခါပဲ လွမ်းရဲပါသည်
*** မိုး ရယ် ......
ချစ်သမျှတွေ စာသီဖွင့်ရင်
နွမ်းလျလျနဲ့ ရင်မှာထိတော့
လူသိလေ အပူမိလေမို့
မကြုံလို သည်ဘဝမှာဖြင့်
အချစ်မဲ့ နှလုံးသားများနဲ့
လူသားတစ်ယောက် ဖြစ်ပါစေလို
ရင်နင့်နင့် ဆုတောင်းလျှက်ပါပဲ
*** မိုး ရယ် .....
No comments:
Post a Comment