ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, May 6, 2014

မောင့်ချစ်သူ မြန်မာမလေး


မောင့်ချစ်သူ မြန်မာမလေး
^^^^^^^^^^
Photo: မောင့်ချစ်သူ မြန်မာမလေး
^^^^^♥♥^^^^^

ကေသာ ပျော့ပြောင်း
ကျော့မှု နှောင်းနဲ့
မူယာ ကင်းလို့
ဖြူစင်ဝင်းတဲ့ လမင်းနှယ် ။

ပါးကွပ်ရယ် ပါး
သနပ်ခါး နဲ့
ပါးနှစ်ဖက်မှာ လူးလို့ခြယ် ။

နူတ်ခမ်း တွန့်ကွေး
လေးကိုင်းလေး နဲ့
နှူတ်ခမ်းဖူးက နီသွေးကြွယ် ။

ထမီ ရင်ဖုံး
ဆံနွယ် ကုံးလို့
ခေတ်မဆန် ပါ
ပင်ကိုယ်လေး က
အိနြေ္ဒလေးလည်း ရှိလွန်းတယ် ။

အများက ငေး
အမြင်အေး နဲ့
ရင်ကိုယ် နွေးလို့
ကျက်သရေလေးရယ် ရှိလှတယ် ။

ဆံ ..စ ခြေ .. ဆုံး
တစ်ကိုယ်လုံး က
တုနှိုင်းမမှီအောင် လှလွန်းတယ် ။

အမြင် .. အကြည့်
ရင်ကိုယ် ထိလို့
မောင့်နှလုံးသားလေး ကြွေတော့မယ် ။

တစိမ့်စိမ့် ငေး
ခဏ ခဏ တွေးလို့
ကဗျာလေးနဲ့ ချစ်ပြမယ် ။

တစ်သက်မှာ ဖြစ်
တစ်ခါချစ် နဲ့
သက်ဆုံးထိ အောင် မြတ်နိုးမယ် ။ ။

(ချစ်ရသူလှိုင်မင်း)
ပုံပိုင်ရှင်ကို မသိပါခင်ဗျာ Google မှာတွေ့လို့ ပုံနဲ့ကဗျာလိုက်မယ်ထင်လို့ တင်လိုက်မိပါသည်
ခွင့်မတောင်းလို့ ခွင့်လွတ်ပါခင်ဗျာ မကြိုက်ရင်ပြောပါနော် ပြန်ဖျက်ပေးပါမယ် ခင်ဗျာ
ကေသာ ပျော့ပြောင်း
ကျော့မှု နှောင်းနဲ့
မူယာ ကင်းလို့
ဖြူစင်ဝင်းတဲ့ လမင်းနှယ် ။

ပါးကွပ်ရယ် ပါး
သနပ်ခါး နဲ့
ပါးနှစ်ဖက်မှာ လူးလို့ခြယ် ။

နူတ်ခမ်း တွန့်ကွေး
လေးကိုင်းလေး နဲ့
နှူတ်ခမ်းဖူးက နီသွေးကြွယ် ။

ထမီ ရင်ဖုံး
ဆံနွယ် ကုံးလို့
ခေတ်မဆန် ပါ
ပင်ကိုယ်လေး က
အိနြေ္ဒလေးလည်း ရှိလွန်းတယ် ။

အများက ငေး
အမြင်အေး နဲ့
ရင်ကိုယ် နွေးလို့
ကျက်သရေလေးရယ် ရှိလှတယ် ။

ဆံ ..စ ခြေ .. ဆုံး
တစ်ကိုယ်လုံး က
တုနှိုင်းမမှီအောင် လှလွန်းတယ် ။

အမြင် .. အကြည့်
ရင်ကိုယ် ထိလို့
မောင့်နှလုံးသားလေး ကြွေတော့မယ် ။

တစိမ့်စိမ့် ငေး
ခဏ ခဏ တွေးလို့
ကဗျာလေးနဲ့ ချစ်ပြမယ် ။

တစ်သက်မှာ ဖြစ်
တစ်ခါချစ် နဲ့
သက်ဆုံးထိ အောင် မြတ်နိုးမယ် ။ ။

No comments:

Post a Comment