ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

ဒီမှာ သူငယ်ချင်း

ဒီမှာ သူငယ်ချင်း 
------------------
Photo: ဒီမှာ သူငယ်ချင်း 
------------------

သူငယ်ချင်းရေ
သူ လည်းမဟုတ် ငါ မဟုတ် တဲ့
ခဏလေးသာ လူ့ဘဝမှာ
သေရ နာရ ကြွေလွင့် ကျဖြင့်
မြင်ရတွေ့ရ နေ့ဓူဝ ။

သူငယ်ချင်းရေ
ထိုမှတစ်ဖန် အသစ်တွေလည်း
မွေးလို့ ဖွားကြ ရွယ်ရောက်ကြနှင့်
မြင်ရင်တွေ့ရ နေ့ ရော ည ။

သူငယ်ချင်းရေ
မွေးရာ ဖွားကာ ကြီးရင့်ရာမှ
ပညာလည်းစုံ ကြင်ရာစုံလည်း
မိဘနှစ်ဖြာ ရတနာကို
ဦးထိပ်ထားလို့ မမေ့နဲ့ ။

သူငယ်ချင်းရေ
မုချမသွေ ငါ တို့သေမည်
သေသော်မပါ တို့ဥစ္စာကို
စိတ်တွင်စွဲမှတ် ပုံမအပ်ပဲ
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
စိတ်ထားမပျော့ အားမလျှော့ပဲ
မိမိကောင်းကျိုး များကောင်းကျိုကို
ကြံစည်သမှု့ ရည်ရွယ်ပြုကာ
သဒ္ဒါဖွေးဖြူ ပေးကာလှူမှ
သေသောအခါ ပါလိမ့်မည် ။ ။

(ချစ်ရသူလှိုင်မင်း)
သူငယ်ချင်းရေ
သူ လည်းမဟုတ် ငါ မဟုတ် တဲ့
ခဏလေးသာ လူ့ဘဝမှာ
သေရ နာရ ကြွေလွင့် ကျဖြင့်
မြင်ရတွေ့ရ နေ့ဓူဝ ။

သူငယ်ချင်းရေ
ထိုမှတစ်ဖန် အသစ်တွေလည်း
မွေးလို့ ဖွားကြ ရွယ်ရောက်ကြနှင့်
မြင်ရင်တွေ့ရ နေ့ ရော ည ။

သူငယ်ချင်းရေ
မွေးရာ ဖွားကာ ကြီးရင့်ရာမှ
ပညာလည်းစုံ ကြင်ရာစုံလည်း
မိဘနှစ်ဖြာ ရတနာကို
ဦးထိပ်ထားလို့ မမေ့နဲ့ ။

သူငယ်ချင်းရေ
မုချမသွေ ငါ တို့သေမည်
သေသော်မပါ တို့ဥစ္စာကို
စိတ်တွင်စွဲမှတ် ပုံမအပ်ပဲ
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
စိတ်ထားမပျော့ အားမလျှော့ပဲ
မိမိကောင်းကျိုး များကောင်းကျိုကို
ကြံစည်သမှု့ ရည်ရွယ်ပြုကာ
သဒ္ဒါဖွေးဖြူ ပေးကာလှူမှ
သေသောအခါ ပါလိမ့်မည် ။ ။

No comments:

Post a Comment