ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, May 7, 2014

ရင်ကွဲနာ(၈)


×× ရင်ကွဲနာ(၈) ××
@@@@@@@@@
ချစ်တက်ဟန် မူလုပ်ပါလို့
မောင့် ရင်မှာ
အချစ်တွေပင် ငတ်စေတော့ရယ်ပေါ့
မုန်းသင်္ချေ ဗျာပါဒတွေနဲ့
ဝေးကမ္ဘာပြေး ပုန်းသူ သခင် ။

သြော်
မကြင်နာ တိမ်းရက်ပေမယ့်
မောင် စိမ်းလျှင် ပြန်ငြိုငြင်မလား
သည် --- ရင်ကိုယ်ခွဲပါလို့
မောင့်အချစ်ကို ဆန်းစစ်ရင်ဖြင့်
မြင်မိမယ်လည်း မောင်က မထင် ။

သမုဒယဆိုတဲ့ သံယောဇဉ်
ရစ်ပတ်ငင် ချည်နှောင်တင်းလို့
ကံကြမ္မာတွေကမှ မစဲ
သြော် --- ဒီသံသရာဝဲမှာမှ
ချစ် သထက်သာ ချစ်
နစ် သထက်သာ နစ် ပေါ့ ။

သခင်ရေ ••••••
ဝေဒနာဒဏ် ကျွမ်းမြည့်အဆွေးတွေနဲ့
မောင့်နှလုံးသားက 
ပူ •••••• ပူ သရွေ့ကိုတော့
သခင် 
တွေ့ •••• တွေ့ကာ သိနိင်ပါမလား !!!

No comments:

Post a Comment