
*မုန်း မိတော့မယ် မောင်*
******************
တင်္ဒဂဆိုတဲ့ အချစ်တုတွေ
ကျွန်မ ရင်မှဖြစ်မလာခဲ့ပါဘူး မောင် ..
ရေမြေတွေ စီးကာခြားလို့
နှလုံးသားတွေ နီးကြပါလျက်နဲ့
မကြင်နာ တမင်ခွာလို့
ဘယ်အတွက် စိမ်းရက်သလဲ မောင် ..
ကျွန်မရဲ့ အပြုံးတွေထဲမှာ
အသူတရာထက် နက်တဲ့
မေတ္တာတွေ ရှိတာသိသားနဲ့
ရှင်မို့ .......... ခုန်ချကာ
ဥပေက္ခာ ပြုရက်သလဲ မောင် ..
မကြင်နာမှု့ တွေကိုမှ
နေ့စဉ် စားသုံးရင်းနဲ့
အထီးကျန်တဲ့ အချိန်တိုင်းအတွက်
သံသရ တွေ ကြီးဆိုးလာတိုင်း
အပူဆိုသော ပဒဒေဝ မီးတွေ
တစ်စိမ့်စိမ့် တောက်လောင်မိပြီ မောင် ...
အချစ်သစ္စာတွေ ကြေမွပြီး
နားလည်မှု့ အလုံးစုံ က
စီးထားတဲ့ ဖိနပ်အောက်ကို
မာနတွေအဖြစ် ရောက်သွားခဲ့ရင်တော့
ကောလဟလ မဟုတ်တော့ဘူး မောင် ...
ဒါ ကြောင့်
မောင် မကြင်နာ တမင်ခွာလို့
အသစ် ရှာတော့မယ် ဆိုရင်ဖြင့်
ဂျင်စိမ်း နဲ့ မိတ်သလင် နှယ်
သူ ကြင် မှ ကိုယ် ကြင် လိုက်မယ်
ကျွန်မ ကျွန်မ ...
မုန်း မုန်းမိတော့မယ် မောင် ။ ။
No comments:
Post a Comment