ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

သူမလေးသာ ဖိုးထိုက်တာ


သူမလေးသာ ဖိုးထိုက်တာ
---------------------------
 Photo: သူမလေးသာ ဖိုးထိုက်တာ
---------------------------

ဗန်း လေးကို ပင်
ခေါင်း ပေါ်တင်လို့
သ မု ဒ္ဒ ရာ 
ဝမ်း တစ် ထွာ တွက်
ကောင်း ရာ ကောင်း မှု့
သူမ ပြုလို့
မိဘကိုလည်း လုပ်ကျွေးတယ် ။

ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
ဆံ စ ခြေ ဆုံး
လုံ အောင် ဖုံး ကာ
ရှိတာလေးနဲ့ ရောင့်ရဲတယ် ။

ပညာ မတက်
စာ မဖတ်ပဲ
မိဘ အများ
ဆရာ သမားနဲ့
လူကြီးကိုလည်း ရိုသေတယ် ။

ဘာသာတရား
တန်ဖိုးထားလို့
ပန်း ရေ ဆီမီး
ကပ်လှူ မငြီးပဲ
နေ့တိုင်းမှာပင် ဝတ်ပြုတယ် ။

လိမ်မာ ယဉ်ကျေး
သူမ လေးမို့
ဖိုးထိုက် က တန် အမျိုး မှန် 
သူ့စိတ်ထားရဲ့ ပေါ်လွင်ဟန်
ဦးညွတ်လိုက်၏ ရင်တွင်းဥာဏ် ။ ။ 

(ချစ်ရသူလှိုင်မင်း)
ဗန်း လေးကို ပင်
ခေါင်း ပေါ်တင်လို့
သ မု ဒ္ဒ ရာ 
ဝမ်း တစ် ထွာ တွက်
ကောင်း ရာ ကောင်း မှု့
သူမ ပြုလို့
မိဘကိုလည်း လုပ်ကျွေးတယ် ။

ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
ဆံ စ ခြေ ဆုံး
လုံ အောင် ဖုံး ကာ
ရှိတာလေးနဲ့ ရောင့်ရဲတယ် ။

ပညာ မတက်
စာ မဖတ်ပဲ
မိဘ အများ
ဆရာ သမားနဲ့
လူကြီးကိုလည်း ရိုသေတယ် ။

ဘာသာတရား
တန်ဖိုးထားလို့
ပန်း ရေ ဆီမီး
ကပ်လှူ မငြီးပဲ
နေ့တိုင်းမှာပင် ဝတ်ပြုတယ် ။

လိမ်မာ ယဉ်ကျေး
သူမ လေးမို့
ဖိုးထိုက် က တန် အမျိုး မှန် 
သူ့စိတ်ထားရဲ့ ပေါ်လွင်ဟန်
ဦးညွတ်လိုက်၏ ရင်တွင်းဥာဏ် ။ ။ 

No comments:

Post a Comment