ရင်ကွဲနာ (၆)
%%%%%

မြတ်နိုးစွာ ချစ်မိပေမယ့်
တိတ်တခိုးသာ ချစ်တော့မည် ။
အလှမ်းခက်လေတော့
အဝေးကနေ တိတ်တခိုး ဆို
ဩော် ......
သခင်မရယ် ယုံလေမလား
ဆက်ချစ်ရင် ဆက် နစ်မှာမို့
အချစ်တွေကို သေခြာထုတ်
ရင်ကွဲလျှက်သာ နေတော့မည် ။
သံယောဇဉ် သေခြာကျစ်ပေမယ့်
ကံဆိုးသူ မောင့် ဘဝမို့
ပြန်သစ်ရင် ဝေဒနာဆစ်တယ်
စိတ်ညစ်တယ်ကွယ် ။
အပူရုပ်တွေနဲ့
နင် မြင်အောင်မပြသော်လည်း
ရင်ထဲမှာ ဘလောင်စူရက်လေတော့
နူတ်ဖြားမှာ သကာမလူးပါဘူး
အပြုံးချို နင့် မျက်ဝန်းညိုက
စိတ်အစဉ် ရစ်တဝဲနဲ့
ကျိတ်မှိတ်ခါ တစ်ယောက်ထဲဖြေလို့
မာယာတွေ ဟန်ဆောင်တင်းပေမယ့်
အချစ်ရယ်
မျက်ဝန်းမှာလည်း ငို မိတယ် ။ ။
No comments:
Post a Comment