ဂန္နဝင် အမေ
__/\__/\__

လှဆုံး မျက်နှာ
ရှာသော် မတွေ့
မိုးမြေ တစ်ခွင်
ခြေဆန့် ငင်လို့
ရှာမိတယ်လေး မိတယ်လေး ။
အကြည်ဆုံး ရေ
ဘယ်မှာ ရှာရ
ရှာသော် မတွေ့
ကြည့်လည်း မမြင်
စိတ် မရွှင်တော့
တော နဲ့ တောင် များ
အရောက် သွားလို့
ဖွေမိတယ်လေး မိတယ်လေး ။
မွှေး ပျံ့သင်းသော
ပန်း နံ့သာတွေ
ဂနိင် မှာလား
မြိုင် မှာလားနဲ့
ဥယျာဉ် တစ်ခွင်
လွန်စုံလင် လည်း
ရှာဖွေသူ ပမ်း
စိတ်တွေ နွမ်း လို့
ကျွမ်းမိတယ်လေး မိတယ်လေး ။
မိုက်နောင်တ နဲ့
မောလျ အိမ်ပြန်
စီး၍ အကြို
အမေ အိုကို
ကြည့်မိ ပါမှ
အို ...
အလှဆုံး မျက်နှာ
အမေ့ မေတ္တာနဲ့
အကြည်ဆုံး ရေက
ဂရုဏာ ရေ များ
သီတာရေ များနဲ့
မွှေးပျံ့မှု့က
နံ့သာ ရဂုံ
အလွန် စုံမို့
သား မိုက်နောင်တ သား နောင်တ ဖြင့်
ရှိခိုး လီလီ ဦးနှိမ့်ချီရင်း
ရင်မှာ ထာဝရ
အစဉ်သာ ဂါရဝပါ အမေ ။ ။
(11/5/2014 တွင်ကျရောက်သော အမေများနေ့အတွက် ဤကဗျာလေးဖြင့် ပုခတ်လွှဲသော ကြိုးကိုင်ရှင်အမေများအားလုံးသို့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ကန်တော့အပ်ပါသည်)
__/\__/\__

လှဆုံး မျက်နှာ
ရှာသော် မတွေ့
မိုးမြေ တစ်ခွင်
ခြေဆန့် ငင်လို့
ရှာမိတယ်လေး မိတယ်လေး ။
အကြည်ဆုံး ရေ
ဘယ်မှာ ရှာရ
ရှာသော် မတွေ့
ကြည့်လည်း မမြင်
စိတ် မရွှင်တော့
တော နဲ့ တောင် များ
အရောက် သွားလို့
ဖွေမိတယ်လေး မိတယ်လေး ။
မွှေး ပျံ့သင်းသော
ပန်း နံ့သာတွေ
ဂနိင် မှာလား
မြိုင် မှာလားနဲ့
ဥယျာဉ် တစ်ခွင်
လွန်စုံလင် လည်း
ရှာဖွေသူ ပမ်း
စိတ်တွေ နွမ်း လို့
ကျွမ်းမိတယ်လေး မိတယ်လေး ။
မိုက်နောင်တ နဲ့
မောလျ အိမ်ပြန်
စီး၍ အကြို
အမေ အိုကို
ကြည့်မိ ပါမှ
အို ...
အလှဆုံး မျက်နှာ
အမေ့ မေတ္တာနဲ့
အကြည်ဆုံး ရေက
ဂရုဏာ ရေ များ
သီတာရေ များနဲ့
မွှေးပျံ့မှု့က
နံ့သာ ရဂုံ
အလွန် စုံမို့
သား မိုက်နောင်တ သား နောင်တ ဖြင့်
ရှိခိုး လီလီ ဦးနှိမ့်ချီရင်း
ရင်မှာ ထာဝရ
အစဉ်သာ ဂါရဝပါ အမေ ။ ။
(11/5/2014 တွင်ကျရောက်သော အမေများနေ့အတွက် ဤကဗျာလေးဖြင့် ပုခတ်လွှဲသော ကြိုးကိုင်ရှင်အမေများအားလုံးသို့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ကန်တော့အပ်ပါသည်)
No comments:
Post a Comment