
ရင်ကွဲနာ(၉)
++++++
သူ ထားခဲ့ ကြာ
ဝမ်းနည်းစွာ နဲ့
ဖြေသိမ့် ခက်ခက်
အနမ်း ချက်ကြောင့်
လွမ်းရေးတွေလည်း ခက်လှသည် ။
လွမ်းရေ ခက်စေ
မက်မပြေ လည်း
ရင်တွင်း အက်နာ
သည် ဒဏ်ရာက
အကြင်နာ ကင်း
နင့် ချစ်ခြင်းကို
လွမ်းတေးလေးဖြင့် နူတ်ဆက်မည် ။
ငိုဖို့ လက်တို့
မျက်ရည်စို့အောင်
လက်ပြ ခွဲခွာ
ထားခဲ့ပါလည်း
သက်တစ်မျှမို့
ရင်မှ အချစ်
မဟောင်းနွမ်းသေး
သည် အတွေးကြောင့်
နင့် ပုံလေးကို
ကြည့်မိတိုင်းမှာ ငိုမိတယ် ။
No comments:
Post a Comment