
* တစ် ပွင့် ခ ရေ *
**************
* တစ်ပွင့် ခရေ
ပွင့်လျက် ဝေရင်း
ညှာတံ စိမ်းလို့
နွမ်းခြောက်လည်းကြွေ ရနံ့ဝေ **
* ပွင့်လွှာ ပွင့်ဖတ်
ခိုင်ခိုင် ယှက်ရင်း
လေ ရူး ပွေပွေ
ဗွေဖောက် ခြေတော့
စိုးစိတ်ဝယ် အတွေးတွေနဲ့
ရွှေအားပင် ငယ်နေမလား **
* သြော်
အနေမကြွားပေမယ့်
သူ့ အကိုင်း သူနေ
သူ့ အပင် သူချစ်
သူ့ အလှ သူအဆင်းကိုဖြင့်
ယုယစွာ တန်ဖိုးထားသူက
အဘိဓမ္မာ တရားရယ်နဲ့
အသိဝယ် မြင်ကြည့်တော့
ကြွေ ရင်လည်း မွှေး
ဝေ ရင်လည်း မွှေး
ခြောက် ရင်လည်း မွှေး
ချစ်မိသူ ရင်ကိုယ်အေးတဲ့
ပန်းခရေလေးပေါ့ ကွယ် **
* လောကဓံ လှိုင်းရယ် ပုတ်ပေမယ့်
သစ္စာမပျက်တဲ့ ခရေးပန်းလေးက
မေတ္တာနဲ့သာ ချစ်စရာပန်းပါ
မလိုသူတွေ ကပ်ခါ လှမ်းပေမယ့်
ရွှေစင်အသည်း တွေနဲ့
ဝေ စဉ်လည်း မွှေး ကြွေး ရင်လည်း အေး
ဂုဏ်သတင်းမွှေးတဲ့ တစ်ပွင့်ခရေလေးပါကွယ် ***
**************
* တစ်ပွင့် ခရေ
ပွင့်လျက် ဝေရင်း
ညှာတံ စိမ်းလို့
နွမ်းခြောက်လည်းကြွေ ရနံ့ဝေ **
* ပွင့်လွှာ ပွင့်ဖတ်
ခိုင်ခိုင် ယှက်ရင်း
လေ ရူး ပွေပွေ
ဗွေဖောက် ခြေတော့
စိုးစိတ်ဝယ် အတွေးတွေနဲ့
ရွှေအားပင် ငယ်နေမလား **
* သြော်
အနေမကြွားပေမယ့်
သူ့ အကိုင်း သူနေ
သူ့ အပင် သူချစ်
သူ့ အလှ သူအဆင်းကိုဖြင့်
ယုယစွာ တန်ဖိုးထားသူက
အဘိဓမ္မာ တရားရယ်နဲ့
အသိဝယ် မြင်ကြည့်တော့
ကြွေ ရင်လည်း မွှေး
ဝေ ရင်လည်း မွှေး
ခြောက် ရင်လည်း မွှေး
ချစ်မိသူ ရင်ကိုယ်အေးတဲ့
ပန်းခရေလေးပေါ့ ကွယ် **
* လောကဓံ လှိုင်းရယ် ပုတ်ပေမယ့်
သစ္စာမပျက်တဲ့ ခရေးပန်းလေးက
မေတ္တာနဲ့သာ ချစ်စရာပန်းပါ
မလိုသူတွေ ကပ်ခါ လှမ်းပေမယ့်
ရွှေစင်အသည်း တွေနဲ့
ဝေ စဉ်လည်း မွှေး ကြွေး ရင်လည်း အေး
ဂုဏ်သတင်းမွှေးတဲ့ တစ်ပွင့်ခရေလေးပါကွယ် ***
No comments:
Post a Comment