ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Thursday, May 15, 2014

လောက အလှ

လောက အလှ
-------------


Photo: လောက အလှ
---------------
ပွင့်ဖူးဝေဆာ ပန်းမာလာတို့
ရောင်သွေးစုံစွာ ဖြူ နီ ဝါ ဖြင့်
တင့်လှပေကြ ပန်းတိုင်းလှ၏
အလှ အလှ ပန်းများအလှ ။

တို့များကမ္ဘာ တို့ကမ္ဘာမှာ
နေထွက်အလှ ဆည်းဆာလှနဲ့
ရွှန်းစိုမြမြ အရမ်းလှသော
ရောင်စုံလှတွေ ပြောလို့မကုန်
မြေဝသုန်မှာ ရှိကြလိမ့်မည်
အလှ အလှ ရှူ့တိုင်းအလှ ။

ပျိုမြစ်ငယ်သော မိန်းမတွေလည်း
နူတ်ခမ်းတွန့်ကွေး လေးကိုင်းလေးနဲ့
မျက်နှာဝိုင်းလို့ ပါးချိုင့်လေးရယ်
စုံလို့လင်စွာ အများတကာ
အို .......
တင့်တယ်ရူပ အဆင်းလည်းလှ
အလှ အလှ ရုပ်နာမ်အလှ ။

ဖြူအောင်စိတ်မွေး ကောင်းအောင်တွေးရင်း
မသူတော်ဥာဏ် ရှောင်ခွာဖယ်လို့
ဖြောင့်မတ်ရိုးသာ ကူညီညားကာ
စိတ်ဓါတ်ဖြူစင် မေတ္တာယှဉ်တော့
ဂရုဏာရယ် အကြင်နာဖြင့်
ကိုယ့်ချင်းစာလို့ မုဒိတာနဲ့
ခင်ဗျာနွမ်းပါး ဆင်းရဲသားကို
ဖေးမကူခါ ထောက်ထားပါတဲ့
စံပြအလှ စိတ်အလှက
ရုပ်အလှရယ် ကျန်အလှနဲ့
အလှများစွာ လှတကာတွင်
ပြိုင်လာသူရှူံး စိတ်အလှစုံး
ဘယ်သူငြင်းကြ မတုန်း ။ ။

(ချစ်ရသူလှိုင်မင်း)
ပွင့်ဖူးဝေဆာ ပန်းမာလာတို့
ရောင်သွေးစုံစွာ ဖြူ နီ ဝါ ဖြင့်
တင့်လှပေကြ ပန်းတိုင်းလှ၏
အလှ အလှ ပန်းများအလှ ။

တို့များကမ္ဘာ တို့ကမ္ဘာမှာ
နေထွက်အလှ ဆည်းဆာလှနဲ့
ရွှန်းစိုမြမြ အရမ်းလှသော
ရောင်စုံလှတွေ ပြောလို့မကုန်
မြေဝသုန်မှာ ရှိကြလိမ့်မည်
အလှ အလှ ရှူ့တိုင်းအလှ ။

ပျိုမြစ်ငယ်သော မိန်းမတွေလည်း
နူတ်ခမ်းတွန့်ကွေး လေးကိုင်းလေးနဲ့
မျက်နှာဝိုင်းလို့ ပါးချိုင့်လေးရယ်
စုံလို့လင်စွာ အများတကာ
အို .......
တင့်တယ်ရူပ အဆင်းလည်းလှ
အလှ အလှ ရုပ်နာမ်အလှ ။

ဖြူအောင်စိတ်မွေး ကောင်းအောင်တွေးရင်း
မသူတော်ဥာဏ် ရှောင်ခွာဖယ်လို့
ဖြောင့်မတ်ရိုးသာ ကူညီညားကာ
စိတ်ဓါတ်ဖြူစင် မေတ္တာယှဉ်တော့
ဂရုဏာရယ် အကြင်နာဖြင့်
ကိုယ့်ချင်းစာလို့ မုဒိတာနဲ့
ခင်ဗျာနွမ်းပါး ဆင်းရဲသားကို
ဖေးမကူခါ ထောက်ထားပါတဲ့
စံပြအလှ စိတ်အလှက
ရုပ်အလှရယ် ကျန်အလှနဲ့
အလှများစွာ လှတကာတွင်
ပြိုင်လာသူရှူံး စိတ်အလှစုံး
ဘယ်သူငြင်းကြ မတုန်း ။ ။

ဒီမှာ သူငယ်ချင်း

ဒီမှာ သူငယ်ချင်း 
------------------
Photo: ဒီမှာ သူငယ်ချင်း 
------------------

သူငယ်ချင်းရေ
သူ လည်းမဟုတ် ငါ မဟုတ် တဲ့
ခဏလေးသာ လူ့ဘဝမှာ
သေရ နာရ ကြွေလွင့် ကျဖြင့်
မြင်ရတွေ့ရ နေ့ဓူဝ ။

သူငယ်ချင်းရေ
ထိုမှတစ်ဖန် အသစ်တွေလည်း
မွေးလို့ ဖွားကြ ရွယ်ရောက်ကြနှင့်
မြင်ရင်တွေ့ရ နေ့ ရော ည ။

သူငယ်ချင်းရေ
မွေးရာ ဖွားကာ ကြီးရင့်ရာမှ
ပညာလည်းစုံ ကြင်ရာစုံလည်း
မိဘနှစ်ဖြာ ရတနာကို
ဦးထိပ်ထားလို့ မမေ့နဲ့ ။

သူငယ်ချင်းရေ
မုချမသွေ ငါ တို့သေမည်
သေသော်မပါ တို့ဥစ္စာကို
စိတ်တွင်စွဲမှတ် ပုံမအပ်ပဲ
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
စိတ်ထားမပျော့ အားမလျှော့ပဲ
မိမိကောင်းကျိုး များကောင်းကျိုကို
ကြံစည်သမှု့ ရည်ရွယ်ပြုကာ
သဒ္ဒါဖွေးဖြူ ပေးကာလှူမှ
သေသောအခါ ပါလိမ့်မည် ။ ။

(ချစ်ရသူလှိုင်မင်း)
သူငယ်ချင်းရေ
သူ လည်းမဟုတ် ငါ မဟုတ် တဲ့
ခဏလေးသာ လူ့ဘဝမှာ
သေရ နာရ ကြွေလွင့် ကျဖြင့်
မြင်ရတွေ့ရ နေ့ဓူဝ ။

သူငယ်ချင်းရေ
ထိုမှတစ်ဖန် အသစ်တွေလည်း
မွေးလို့ ဖွားကြ ရွယ်ရောက်ကြနှင့်
မြင်ရင်တွေ့ရ နေ့ ရော ည ။

သူငယ်ချင်းရေ
မွေးရာ ဖွားကာ ကြီးရင့်ရာမှ
ပညာလည်းစုံ ကြင်ရာစုံလည်း
မိဘနှစ်ဖြာ ရတနာကို
ဦးထိပ်ထားလို့ မမေ့နဲ့ ။

သူငယ်ချင်းရေ
မုချမသွေ ငါ တို့သေမည်
သေသော်မပါ တို့ဥစ္စာကို
စိတ်တွင်စွဲမှတ် ပုံမအပ်ပဲ
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
စိတ်ထားမပျော့ အားမလျှော့ပဲ
မိမိကောင်းကျိုး များကောင်းကျိုကို
ကြံစည်သမှု့ ရည်ရွယ်ပြုကာ
သဒ္ဒါဖွေးဖြူ ပေးကာလှူမှ
သေသောအခါ ပါလိမ့်မည် ။ ။

ဂန္နဝင် အမေ


ဂန္နဝင် အမေ
__/\__/\__
Photo: ဂန္နဝင် အမေ
__/\__/\__

လှဆုံး မျက်နှာ
ရှာသော် မတွေ့
မိုးမြေ တစ်ခွင်
ခြေဆန့် ငင်လို့
ရှာမိတယ်လေး မိတယ်လေး ။

အကြည်ဆုံး ရေ
ဘယ်မှာ ရှာရ
ရှာသော် မတွေ့
ကြည့်လည်း မမြင်
စိတ် မရွှင်တော့
တော နဲ့ တောင် များ
အရောက် သွားလို့
ဖွေမိတယ်လေး မိတယ်လေး ။

မွှေး ပျံ့သင်းသော
ပန်း နံ့သာတွေ
ဂနိင် မှာလား
မြိုင် မှာလားနဲ့
ဥယျာဉ် တစ်ခွင်
လွန်စုံလင် လည်း
ရှာဖွေသူ ပမ်း
စိတ်တွေ နွမ်း လို့
ကျွမ်းမိတယ်လေး မိတယ်လေး ။

မိုက်နောင်တ နဲ့
မောလျ အိမ်ပြန်
စီး၍ အကြို
အမေ အိုကို
ကြည့်မိ ပါမှ
အို ...
အလှဆုံး မျက်နှာ
အမေ့ မေတ္တာနဲ့
အကြည်ဆုံး ရေက
ဂရုဏာ ရေ များ
သီတာရေ များနဲ့
မွှေးပျံ့မှု့က
နံ့သာ ရဂုံ
အလွန် စုံမို့
သား မိုက်နောင်တ သား နောင်တ ဖြင့်
ရှိခိုး လီလီ ဦးနှိမ့်ချီရင်း
ရင်မှာ ထာဝရ 
အစဉ်သာ ဂါရဝပါ အမေ ။ ။

(ချစ်ရသူလှိုင်မင်း)

(11/5/2014 တွင်ကျရောက်သော အမေများနေ့အတွက် ဤကဗျာလေးဖြင့် ပုခတ်လွှဲသော ကြိုးကိုင်ရှင်အမေများအားလုံးသို့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ကန်တော့အပ်ပါသည်)
လှဆုံး မျက်နှာ
ရှာသော် မတွေ့
မိုးမြေ တစ်ခွင်
ခြေဆန့် ငင်လို့
ရှာမိတယ်လေး မိတယ်လေး ။

အကြည်ဆုံး ရေ
ဘယ်မှာ ရှာရ
ရှာသော် မတွေ့
ကြည့်လည်း မမြင်
စိတ် မရွှင်တော့
တော နဲ့ တောင် များ
အရောက် သွားလို့
ဖွေမိတယ်လေး မိတယ်လေး ။

မွှေး ပျံ့သင်းသော
ပန်း နံ့သာတွေ
ဂနိင် မှာလား
မြိုင် မှာလားနဲ့
ဥယျာဉ် တစ်ခွင်
လွန်စုံလင် လည်း
ရှာဖွေသူ ပမ်း
စိတ်တွေ နွမ်း လို့
ကျွမ်းမိတယ်လေး မိတယ်လေး ။

မိုက်နောင်တ နဲ့
မောလျ အိမ်ပြန်
စီး၍ အကြို
အမေ အိုကို
ကြည့်မိ ပါမှ
အို ...
အလှဆုံး မျက်နှာ
အမေ့ မေတ္တာနဲ့
အကြည်ဆုံး ရေက
ဂရုဏာ ရေ များ
သီတာရေ များနဲ့
မွှေးပျံ့မှု့က
နံ့သာ ရဂုံ
အလွန် စုံမို့
သား မိုက်နောင်တ သား နောင်တ ဖြင့်
ရှိခိုး လီလီ ဦးနှိမ့်ချီရင်း
ရင်မှာ ထာဝရ
အစဉ်သာ ဂါရဝပါ အမေ ။ ။


(11/5/2014 တွင်ကျရောက်သော အမေများနေ့အတွက် ဤကဗျာလေးဖြင့် ပုခတ်လွှဲသော ကြိုးကိုင်ရှင်အမေများအားလုံးသို့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ကန်တော့အပ်ပါသည်)
 

အမေ့ ရွာ


အမေ့ ရွာ
^^^^^
Photo: အမေ့ ရွာ
^^^^^

မှိုင်းပြကယ်တဲ့ ရီရီညို
ရိုးမကိုဖြင့် နောက်ခံထား
လှိုင်မြစ်မင်းရယ် ခွေကာစင်းလို့
ငယ်စဉ်မှကွယ် အခြေတည်ရင်း
တို့များမွေးရွာ အမေ့ရွာသို့
မျှော်ရင်းမှန်းစ လွမ်းတမ်းတကာ
ကဗျာတစ်ပုဒ်တော့ ရေးမိပြီ ။

ရွာဦးထိပ်တွင် စေတီဖွေးဖြင့်
ပွင့်ဖူးညောင်ပင် ရေချမ်းစင်ရော
စုံလို့လင်စွာ အမေ့ရွာက
ငြိမ့်အေးသာယာ လွမ်းလိုက်တာ ။

အုပ်အော်သောင်းနင်း လယ်ယာကွင်းဖြင့်
တေးဆိုငြိမ့်ညောင်း ပုလွေကောင်းမှ
တံတျာသံသာ ဝေဆာဆာနဲ့
လွမ်းသူလက်တို့ မျက်ရည်စို့တယ်
သာမောပါတဲ့ အမေ့ရွာ ။

အလှဝေဖြာ အမေ့ရွာမှ
ရွာသူရွာသား စုပေါင်းအားနဲ့
စိတ်ထားညီညာ ဆောင်ရွက်တာက
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
သာရေးနာရေး ရပ်ရွာရေးနှင့်
လမ်းဖောက်လမ်းပြင် မြေရိုင်းထွင်လျက်
တံတားဆောက်ခါ ကျောင်းဆောက်ကာနဲ့
ရွာလျှင်သာမှု့ အစုစုကို
ပေါင်းစုပြုကြ ဆောင်ရွက်ကြတော့
လွမ်းမျက်ရည်ဝဲ ပါးပြင်တွဲတယ်
စိတ်ကောင်းကြည်တဲ့ အမေ့ရွာ ။

သာအေး မောင်လှ စာဥ မကျန်
ရပ်ရွာကလေး အကုန်တွေးရင်း
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
အားတွေတင်းလို့ မာန်ကိုနှင်းမယ်
တစ်နေ့တော့ဖြင့် ပြန်ခဲ့မယ်
အ မေ့ ရွာကလေးသို့ ကွယ် ။ ။

(ချစ်ရသူလှိုင်မင်း)
မှိုင်းပြကယ်တဲ့ ရီရီညို
ရိုးမကိုဖြင့် နောက်ခံထား
လှိုင်မြစ်မင်းရယ် ခွေကာစင်းလို့
ငယ်စဉ်မှကွယ် အခြေတည်ရင်း
တို့များမွေးရွာ အမေ့ရွာသို့
မျှော်ရင်းမှန်းစ လွမ်းတမ်းတကာ
ကဗျာတစ်ပုဒ်တော့ ရေးမိပြီ ။

ရွာဦးထိပ်တွင် စေတီဖွေးဖြင့်
ပွင့်ဖူးညောင်ပင် ရေချမ်းစင်ရော
စုံလို့လင်စွာ အမေ့ရွာက
ငြိမ့်အေးသာယာ လွမ်းလိုက်တာ ။

အုပ်အော်သောင်းနင်း လယ်ယာကွင်းဖြင့်
တေးဆိုငြိမ့်ညောင်း ပုလွေကောင်းမှ
တံတျာသံသာ ဝေဆာဆာနဲ့
လွမ်းသူလက်တို့ မျက်ရည်စို့တယ်
သာမောပါတဲ့ အမေ့ရွာ ။

အလှဝေဖြာ အမေ့ရွာမှ
ရွာသူရွာသား စုပေါင်းအားနဲ့
စိတ်ထားညီညာ ဆောင်ရွက်တာက
ဖြူအောင်စိတ်မွေး ကောင်းတာတွေးလို့
သာရေးနာရေး ရပ်ရွာရေးနှင့်
လမ်းဖောက်လမ်းပြင် မြေရိုင်းထွင်လျက်
တံတားဆောက်ခါ ကျောင်းဆောက်ကာနဲ့
ရွာလျှင်သာမှု့ အစုစုကို
ပေါင်းစုပြုကြ ဆောင်ရွက်ကြတော့
လွမ်းမျက်ရည်ဝဲ ပါးပြင်တွဲတယ်
စိတ်ကောင်းကြည်တဲ့ အမေ့ရွာ ။

သာအေး မောင်လှ စာဥ မကျန်
ရပ်ရွာကလေး အကုန်တွေးရင်း
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
အားတွေတင်းလို့ မာန်ကိုနှင်းမယ်
တစ်နေ့တော့ဖြင့် ပြန်ခဲ့မယ်
အ မေ့ ရွာကလေးသို့ ကွယ် ။ ။

လ မြတ် က ဆုန်

လ မြတ် က ဆုန်
************
Photo: လ မြတ် က ဆုန်
************

မြင့်ဖျားရယ်က နေသူရိန်

တန်ခိုးအရှိန် လွှတ်ပြန်သွင်းလေတော့
ကဆုန်ချိန် သည် ခါ သမရ မှာ
ပူ ပြင်း လို့ ရှိန် ။

သကြားရယ် ရှင်နတ်မင်းနှင့်
အသူရာ စစ်တွေခင်းပါတော့
တိမ်ဗွေမှာ ရောင်ကြည်ရွှန်းတယ်
ထွန်း တောက် လို့ ထိန် ။

စုံကန္တာ ဟေမြိုင်ထဲမှာလ
ငှက်သာရကာ ပျော်ရွှင်မြူးပေမယ့်
ဖော်မဆုံတယ် ချစ်သူများမှာဖြင့်
မြန်ပြည်ကို တမိတော့
လွမ်း မိ တယ် လေး ။

လကဆုန် 
ပန်းတွေရယ် ထိန်ထိန်လျံတော့
ပန်းစကားဝါ
သူ့ခေါင်းမယ် ပန်ဆင်မြန်းလို့
မြန်တစ်ခွင် ပြည်သူပေါင်းရယ်က
လောင်းကြတယ် ညောင်ရယ်ပွဲကိုလ
လွမ်း မိ တယ် လေး ။ ။

(ချစ်ရသူလှိုင်မင်း)မြင့်ဖျားရယ်က နေသူရိန်

တန်ခိုးအရှိန် လွှတ်ပြန်သွင်းလေတော့
ကဆုန်ချိန် သည် ခါ သမရ မှာ
ပူ ပြင်း လို့ ရှိန် ။

သကြားရယ် ရှင်နတ်မင်းနှင့်
အသူရာ စစ်တွေခင်းပါတော့
တိမ်ဗွေမှာ ရောင်ကြည်ရွှန်းတယ်
ထွန်း တောက် လို့ ထိန် ။

စုံကန္တာ ဟေမြိုင်ထဲမှာလ
ငှက်သာရကာ ပျော်ရွှင်မြူးပေမယ့်
ဖော်မဆုံတယ် ချစ်သူများမှာဖြင့်
မြန်ပြည်ကို တမိတော့
လွမ်း မိ တယ် လေး ။

လကဆုန်
ပန်းတွေရယ် ထိန်ထိန်လျံတော့
ပန်းစကားဝါ
သူ့ခေါင်းမယ် ပန်ဆင်မြန်းလို့
မြန်တစ်ခွင် ပြည်သူပေါင်းရယ်က
လောင်းကြတယ် ညောင်ရယ်ပွဲကိုလ
လွမ်း မိ တယ် လေး ။ ။

သူမလေးသာ ဖိုးထိုက်တာ


သူမလေးသာ ဖိုးထိုက်တာ
---------------------------
 Photo: သူမလေးသာ ဖိုးထိုက်တာ
---------------------------

ဗန်း လေးကို ပင်
ခေါင်း ပေါ်တင်လို့
သ မု ဒ္ဒ ရာ 
ဝမ်း တစ် ထွာ တွက်
ကောင်း ရာ ကောင်း မှု့
သူမ ပြုလို့
မိဘကိုလည်း လုပ်ကျွေးတယ် ။

ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
ဆံ စ ခြေ ဆုံး
လုံ အောင် ဖုံး ကာ
ရှိတာလေးနဲ့ ရောင့်ရဲတယ် ။

ပညာ မတက်
စာ မဖတ်ပဲ
မိဘ အများ
ဆရာ သမားနဲ့
လူကြီးကိုလည်း ရိုသေတယ် ။

ဘာသာတရား
တန်ဖိုးထားလို့
ပန်း ရေ ဆီမီး
ကပ်လှူ မငြီးပဲ
နေ့တိုင်းမှာပင် ဝတ်ပြုတယ် ။

လိမ်မာ ယဉ်ကျေး
သူမ လေးမို့
ဖိုးထိုက် က တန် အမျိုး မှန် 
သူ့စိတ်ထားရဲ့ ပေါ်လွင်ဟန်
ဦးညွတ်လိုက်၏ ရင်တွင်းဥာဏ် ။ ။ 

(ချစ်ရသူလှိုင်မင်း)
ဗန်း လေးကို ပင်
ခေါင်း ပေါ်တင်လို့
သ မု ဒ္ဒ ရာ 
ဝမ်း တစ် ထွာ တွက်
ကောင်း ရာ ကောင်း မှု့
သူမ ပြုလို့
မိဘကိုလည်း လုပ်ကျွေးတယ် ။

ပါးကွပ် ပါးပါး
သနပ်ခါး နဲ့
ဆံ စ ခြေ ဆုံး
လုံ အောင် ဖုံး ကာ
ရှိတာလေးနဲ့ ရောင့်ရဲတယ် ။

ပညာ မတက်
စာ မဖတ်ပဲ
မိဘ အများ
ဆရာ သမားနဲ့
လူကြီးကိုလည်း ရိုသေတယ် ။

ဘာသာတရား
တန်ဖိုးထားလို့
ပန်း ရေ ဆီမီး
ကပ်လှူ မငြီးပဲ
နေ့တိုင်းမှာပင် ဝတ်ပြုတယ် ။

လိမ်မာ ယဉ်ကျေး
သူမ လေးမို့
ဖိုးထိုက် က တန် အမျိုး မှန် 
သူ့စိတ်ထားရဲ့ ပေါ်လွင်ဟန်
ဦးညွတ်လိုက်၏ ရင်တွင်းဥာဏ် ။ ။ 

Saturday, May 10, 2014

ရင်နင့်အောင်ပဲ ချစ်ခဲ့သည်


ရင်နင့်အောင်ပဲ ချစ်ခဲ့သည်
*******************                    

                    သိမှာစိုးတော့
မေတ္တာရယ်စစ် သစ္စာချစ်နဲ့
လွမ်းသစ်ပင်ထက် နွမ်းမရွှင်လျှက်
တွယ်တာဆဲနဲ့ အိမ်မက်ထဲသာ
ရင်နင့်အောင်ပဲ ချစ်တော့ပါမည်
*** မိုး ရယ် .....

ကံကိုမယုံ ဘဝနုံမို့
ကွေးကင်းနောက်ဆုံး ရှိစေအုံးပေါ့
ဝေးဝေးကမှန်း တစ်ယောက်ထဲသာ
ကြိတ်မှိတ်ခါပဲ လွမ်းရဲပါသည်
*** မိုး ရယ် ......

ချစ်သမျှတွေ စာသီဖွင့်ရင်
နွမ်းလျလျနဲ့ ရင်မှာထိတော့
လူသိလေ အပူမိလေမို့
မကြုံလို သည်ဘဝမှာဖြင့်
အချစ်မဲ့ နှလုံးသားများနဲ့
လူသားတစ်ယောက် ဖြစ်ပါစေလို
ရင်နင့်နင့် ဆုတောင်းလျှက်ပါပဲ
*** မိုး ရယ် .....

လ တန် ခူး


Photo: လ တန် ခူး
*********
ထူးမြတ်ချိန်ခါ တန်ခူးမှာ
လရောင်တင့်ဆန်း ပွင့်သောပန်း
ရွှေဝါ ပိတောက်ပန်း ။

ဥသြငှက်ရယ် ပင်ယံမယ်
ချစ်တေးရင့်ကျူး လွမ်းစိတ်မြူး
ဖို မ အသံထူး ။

ကြည်နူးစုံလင် ပျော်လိုပင်
ရွှင်သာပျော်ကျူး ရေစင်ဦး
ဖျန်းလို့သာပင် မြူး ။

ကောင်းမှု့ဝေဆာ အဖြာဖြာ
များငါပေါင်းစု အလှူပြု
နိဗ္ဗာန်ဝင်မယ့် ဆု ။

သက်စေ့စုံစွာ လွှတ်ကြတာ
မေတ္တာရှေ့ထား သဒ္ဒါအား
မြတ်ဗုဒ္ဓတရား ။

ဥပုတ်သီလ ဖြူစင်စွ
တန်ခူးလမှာ ပွားများကြ
သာယာနှစ်ကူး အလှထူး
မြန်မာတို့ရဲ့ တန်ခူး ။ ။

(ချစ်ရသူလှိုင်မင်း)
လ တန် ခူး
*********
ထူးမြတ်ချိန်ခါ တန်ခူးမှာ
လရောင်တင့်ဆန်း ပွင့်သောပန်း
ရွှေဝါ ပိတောက်ပန်း ။

ဥသြငှက်ရယ် ပင်ယံမယ်
ချစ်တေးရင့်ကျူး လွမ်းစိတ်မြူး
ဖို မ အသံထူး ။

ကြည်နူးစုံလင် ပျော်လိုပင်
ရွှင်သာပျော်ကျူး ရေစင်ဦး
ဖျန်းလို့သာပင် မြူး ။

ကောင်းမှု့ဝေဆာ အဖြာဖြာ
များငါပေါင်းစု အလှူပြု
နိဗ္ဗာန်ဝင်မယ့် ဆု ။

သက်စေ့စုံစွာ လွှတ်ကြတာ
မေတ္တာရှေ့ထား သဒ္ဒါအား
မြတ်ဗုဒ္ဓတရား ။

ဥပုတ်သီလ ဖြူစင်စွ
တန်ခူးလမှာ ပွားများကြ
သာယာနှစ်ကူး အလှထူး
မြန်မာတို့ရဲ့ တန်ခူး ။ ။

အက်ဆစ်မိုးတွေလား ငယ်


အက်ဆစ်မိုးတွေလား ငယ်
+++++++++++++
Photo: အက်ဆစ်မိုးတွေလား ငယ်
+++++++++++++

ပိုင် ဆိုင် ခွင့် မ ရှိ တော့ တဲ့

ဒီ ဘဝကြီးမှာ အလွမ်းဆိုသောဝေဒနာ 

တစ်ပွေ့တစ်ပိုက် ကောင်ကြီးက

ဟို တစ်ကွက် ဒီ တစ်ကွက်နဲ့

ထိ လွယ် ရှ လွယ်တွေက

ပျင်း ထန် လွန်း လို့

အက်ဆစ်မိုးတွေ လိုပါပဲလား ငယ် .....

(ချစ်ရသူလှိုင်မင်း)
ပိုင် ဆိုင် ခွင့် မ ရှိ တော့ တဲ့

ဒီ ဘဝကြီးမှာ အလွမ်းဆိုသောဝေဒနာ 

တစ်ပွေ့တစ်ပိုက် ကောင်ကြီးက

ဟို တစ်ကွက် ဒီ တစ်ကွက်နဲ့

ထိ လွယ် ရှ လွယ်တွေက

ပျင်း ထန် လွန်း လို့

အက်ဆစ်မိုးတွေ လိုပါပဲလား ငယ် .....

အဲတာ အောင်ဆန်း(၂)

အဲတာ အောင်ဆန်း(၂)
++++++++++++
Photo: အဲတာ အောင်ဆန်း(၂)
++++++++++++

လ ဇူ လိုင် ရယ်

၁ ၉ မှာ ဖြင့်

ကျ တူ အ ပြိုင်

မျက် ရည် မိုး နဲ့

သေ လူ ကို မှ

ရှင် လူ လို့ တ

လွမ်း ရ အ စဉ် 

မှန်း စ ဘ ဝင် က

အဲတာ အဲတာ 

အောင်ဆန်း ဗျ မှတ်ထား ။

(ချစ်ရသူလှိုင်မင်း)
လ ဇူ လိုင် ရယ်

၁ ၉ မှာ ဖြင့်

ကျ တူ အ ပြိုင်

မျက် ရည် မိုး နဲ့

သေ လူ ကို မှ

ရှင် လူ လို့ တ

လွမ်း ရ အ စဉ်

မှန်း စ ဘ ဝင် က

အဲတာ အဲတာ

အောင်ဆန်း ဗျ မှတ်ထား ။

အဲတာ အောင်ဆန်း (၁)

အဲတာ အောင်ဆန်း (၁)
××××××××××××
Photo: အဲတာ အောင်ဆန်း (၁)
××××××××××××

ထက် မြန် မာ မယ်

သူ့  ကို မွေး လို့

ဇာ တိ ရယ် က

နတ် မောက် ခ ရိုင်

၁ ၉ ၁ ၅ 

အ ဖ ဦး ဖာ

မိ ခင် ဒေါ် စု

ဖေ ဖော် ဝါ ရီ 

၁ ၃ မှာ မှ

ဖွား မြင် လွန် မြောက်

အာ ဃ ဇာ နည်

ဘာ မ ထီ က

အဲတာ အဲတာ

အောင်းဆန်း ဗျ မှတ်ထား ။

(ချစ်ရသူလှိုင်မင်း)
ထက် မြန် မာ မယ်

သူ့  ကို မွေး လို့

ဇာ တိ ရယ် က

နတ် မောက် ခ ရိုင်

၁ ၉ ၁ ၅

အ ဖ ဦး ဖာ

မိ ခင် ဒေါ် စု

ဖေ ဖော် ဝါ ရီ

၁ ၃ မှာ မှ

ဖွား မြင် လွန် မြောက်

အာ ဃ ဇာ နည်

ဘာ မ ထီ က

အဲတာ အဲတာ

အောင်းဆန်း ဗျ မှတ်ထား ။

နွေ အလှ

နွေ အလှ
×××××
Photo: နွေ အလှ
×××××

လေ ရူး ပွေ ပွေ

မြူး ကာ လေ တော့

ရူး ရ ဆွေ ဆွေ ပု ရစ် ဖူး နွေ ။

နွေ အ ကြို ထောက်

ရွှေ ပိ တောက် တွေ

လှ တံ ဝင့် ချီ

ဖူး ပွင့် စီ သည့်

နွေ သ ရုပ် ကို ဖြင့် ဖော် လေ ပြီ ။

ဥ သြ ငှက် ရယ်

ငု ဝါ ပန်း က

ကြွား ကြွား ဝင့် လို့

ဝါး ဝါး စွံ ရင်း

နွေ ဓ လေ့ ကို

သူ တို့ တွေ လည်း 

ကြို ကြ လေ ပြီ ခါ တော် မှီ ။ ။

(ချစ်ရသူလှိုင်မင်း)
လေ ရူး ပွေ ပွေ

မြူး ကာ လေ တော့

ရူး ရ ဆွေ ဆွေ ပု ရစ် ဖူး နွေ ။

နွေ အ ကြို ထောက်

ရွှေ ပိ တောက် တွေ

လှ တံ ဝင့် ချီ

ဖူး ပွင့် စီ သည့်

နွေ သ ရုပ် ကို ဖြင့် ဖော် လေ ပြီ ။

ဥ သြ ငှက် ရယ်

ငု ဝါ ပန်း က

ကြွား ကြွား ဝင့် လို့

ဝါး ဝါး စွံ ရင်း

နွေ ဓ လေ့ ကို

သူ တို့ တွေ လည်း

ကြို ကြ လေ ပြီ ခါ တော် မှီ ။ ။

တစ် ပွင့် ခ ရေ

Photo: * တစ် ပွင့် ခ ရေ *
**************

* တစ်ပွင့် ခရေ
ပွင့်လျက် ဝေရင်း
ညှာတံ စိမ်းလို့
နွမ်းခြောက်လည်းကြွေ ရနံ့ဝေ **

* ပွင့်လွှာ ပွင့်ဖတ်
ခိုင်ခိုင် ယှက်ရင်း
လေ ရူး ပွေပွေ
ဗွေဖောက် ခြေတော့
စိုးစိတ်ဝယ် အတွေးတွေနဲ့
ရွှေအားပင် ငယ်နေမလား **

* သြော်
အနေမကြွားပေမယ့်
သူ့ အကိုင်း သူနေ
သူ့ အပင် သူချစ်
သူ့ အလှ သူအဆင်းကိုဖြင့်
ယုယစွာ တန်ဖိုးထားသူက
အဘိဓမ္မာ တရားရယ်နဲ့
အသိဝယ် မြင်ကြည့်တော့
ကြွေ ရင်လည်း မွှေး
ဝေ ရင်လည်း မွှေး
ခြောက် ရင်လည်း မွှေး
ချစ်မိသူ ရင်ကိုယ်အေးတဲ့
ပန်းခရေလေးပေါ့ ကွယ် **

* လောကဓံ လှိုင်းရယ် ပုတ်ပေမယ့်
သစ္စာမပျက်တဲ့ ခရေးပန်းလေးက
မေတ္တာနဲ့သာ ချစ်စရာပန်းပါ
မလိုသူတွေ ကပ်ခါ လှမ်းပေမယ့်
ရွှေစင်အသည်း တွေနဲ့
ဝေ စဉ်လည်း မွှေး ကြွေး ရင်လည်း အေး
ဂုဏ်သတင်းမွှေးတဲ့ တစ်ပွင့်ခရေလေးပါကွယ် ***

(ချစ်ရသူလှိုင်မင်း)

* တစ် ပွင့် ခ ရေ *
**************

* တစ်ပွင့် ခရေ
ပွင့်လျက် ဝေရင်း
ညှာတံ စိမ်းလို့
နွမ်းခြောက်လည်းကြွေ ရနံ့ဝေ **

* ပွင့်လွှာ ပွင့်ဖတ်
ခိုင်ခိုင် ယှက်ရင်း
လေ ရူး ပွေပွေ
ဗွေဖောက် ခြေတော့
စိုးစိတ်ဝယ် အတွေးတွေနဲ့
ရွှေအားပင် ငယ်နေမလား **

* သြော်
အနေမကြွားပေမယ့်
သူ့ အကိုင်း သူနေ
သူ့ အပင် သူချစ်
သူ့ အလှ သူအဆင်းကိုဖြင့်
ယုယစွာ တန်ဖိုးထားသူက
အဘိဓမ္မာ တရားရယ်နဲ့
အသိဝယ် မြင်ကြည့်တော့
ကြွေ ရင်လည်း မွှေး
ဝေ ရင်လည်း မွှေး
ခြောက် ရင်လည်း မွှေး
ချစ်မိသူ ရင်ကိုယ်အေးတဲ့
ပန်းခရေလေးပေါ့ ကွယ် **

* လောကဓံ လှိုင်းရယ် ပုတ်ပေမယ့်
သစ္စာမပျက်တဲ့ ခရေးပန်းလေးက
မေတ္တာနဲ့သာ ချစ်စရာပန်းပါ
မလိုသူတွေ ကပ်ခါ လှမ်းပေမယ့်
ရွှေစင်အသည်း တွေနဲ့
ဝေ စဉ်လည်း မွှေး ကြွေး ရင်လည်း အေး
ဂုဏ်သတင်းမွှေးတဲ့ တစ်ပွင့်ခရေလေးပါကွယ် ***

Friday, May 9, 2014

နားလည်စမ်းပါ ကွယ်

နားလည်စမ်းပါ ကွယ်
×××××××××××
Photo: နားလည်စမ်းပါ ကွယ်
×××××××××××

အမြင်မတော် 

မာနတွေနဲ့

ဘဝမှာ အသာရ

သြော်

တခဏပါကွယ်

ပြာကြရင်လေ

ဘာမှမရတာကမှ

သဘာဝပါ 

ခလုပ်ထိမှ အမိမတနဲ့

နောင်တဆိုတာ

နောင်မှရရင်

အကြွေလွယ် အနမ်းခက်တဲ့ ပန်း

ကဲ ဘယ်သူနမ်းမလည်း ညီမရယ် ။ ။

(ချစ်ရသူလှိုင်မင်း)
အမြင်မတော် 

မာနတွေနဲ့

ဘဝမှာ အသာရ

သြော်

တခဏပါကွယ်

ပြာကြရင်လေ

ဘာမှမရတာကမှ

သဘာဝပါ

ခလုပ်ထိမှ အမိမတနဲ့

နောင်တဆိုတာ

နောင်မှရရင်

အကြွေလွယ် အနမ်းခက်တဲ့ ပန်း

ကဲ ဘယ်သူနမ်းမလည်း ညီမရယ် ။ ။

ဝေး


ဝေး
!!!!!

ဝေး လွင့် ဝေး ရာ

ဝေး ကမ္ဘာ နယ် မှ

ဝေး ရပ် သို့ လေ

ဝေး ခွာ သွား မယ်

ဝေး ကြ တာ ပဲ ကောင်းပါတယ်

ဝေး ဝေး က ပဲ လွမ်းပါမယ် ။ ။

Photo: ဝေး
!!!!!

ဝေး လွင့် ဝေး ရာ

ဝေး ကမ္ဘာ နယ် မှ

ဝေး ရပ် သို့ လေ

ဝေး ခွာ သွား မယ်

ဝေး ကြ တာ ပဲ ကောင်းပါတယ်

ဝေး ဝေး က ပဲ လွမ်းပါမယ် ။ ။

(ချစ်ရသူလှိုင်မင်း)

သစ္စာ ခရေ

သစ္စာ ခရေ
********
Photo: သစ္စာ ခရေ
********

ကြည့် စမ်း ပ ခင် ရယ်

ဟော ဟို ခရေ ပန်းတွေက

လေ အဝေ့မှာ 

သင်းပျံ့စွာ မွှေးနေလေရဲ့

ခင် ရေ
ကြမ်း လို့ ပဲ ကြွေ ကြွေ
နွမ်း လို့ ပဲ လေ လေ ပေါ့
ခြောက်လျှင်ပင် တယုတယနဲ့
သိမ်းကာပင် ထားပါမယ်
သွားလေရာ ရနံ့ပေး
အဆင်းဝယ် တစ်ကယ်အေးတဲ့ 
သစ္စာခရေလေးပေါ့ ကွယ် ။

(ချစ်ရသူလှိုင်မင်း)
ကြည့် စမ်း ပ ခင် ရယ်

ဟော ဟို ခရေ ပန်းတွေက

လေ အဝေ့မှာ 

သင်းပျံ့စွာ မွှေးနေလေရဲ့

ခင် ရေ
ကြမ်း လို့ ပဲ ကြွေ ကြွေ
နွမ်း လို့ ပဲ လေ လေ ပေါ့
ခြောက်လျှင်ပင် တယုတယနဲ့
သိမ်းကာပင် ထားပါမယ်
သွားလေရာ ရနံ့ပေး
အဆင်းဝယ် တစ်ကယ်အေးတဲ့
သစ္စာခရေလေးပေါ့ ကွယ် ။

လူ့ ဘဝ


လူ့ ဘဝ
--------
Photo: လူ့ ဘဝ
--------

သြော်
လူ့ဘဝ ဆိုတာကလေ
သမုဒယ သံယောဇဉ်ရဲ့
စ ခြင်စရာ လောကပဲမို့
ဝင်လာမစဲ အမှန်မြဲနှင့်
လောက ဓမ္မတာ ကြီးရယ်မှ
ခန္ဓာကိုယ် နာမ်ရုပ်တွေဖြင့်
ဟန် လုပ်ခါ နေကြပေမယ့်
သေရမဲ့ အသိတရားကိုတော့
မေ့နေကြသော မရဏရဲ့
သားကောင်များပါ တကား ...... ။

သြော်
အသက်ရှင်စဉ် ပြုံးပျော်ရွှင်ရင်း
ချစ်ခင်ယုယ ထိုသမုဒယက
သားရယ် သမီးနဲ့ ဇနီးမကျန်
ချစ်မေတ္တာ သင်္ခါရတွေ ဖြင့်
မခွဲ နိင်လေ မခွာရက်တွေနဲ့
ဒေါသရယ် ဖုံး မောဟရယ် ကွယ်
သောကနယ် ဗျာပဒါ တွေနဲ့
ပဒဒေဝ မီးတောက်တွေ
ကြီးဆိုးစွာ ရှိနေပါ တကား ..... ။

(ချစ်ရသူလှိုင်မင်း)

ဖြစ်ပြန်ပျက်ပြန် လောကဓံက
ရှောင်လွှဲကာ မရလေခြင်းမို့
အစဉ်အသိက ရင်ဝယ် ရှိလေမှ
ဇာတိ ဇရဏ ဗျာတိ မရဏကို
တရားအသိနဲ့ မြင်လိမ့်မယ် ။ ။

သြော်
လူ့ဘဝ ဆိုတာကလေ
သမုဒယ သံယောဇဉ်ရဲ့
စ ခြင်စရာ လောကပဲမို့
ဝင်လာမစဲ အမှန်မြဲနှင့်
လောက ဓမ္မတာ ကြီးရယ်မှ
ခန္ဓာကိုယ် နာမ်ရုပ်တွေဖြင့်
ဟန် လုပ်ခါ နေကြပေမယ့်
သေရမဲ့ အသိတရားကိုတော့
မေ့နေကြသော မရဏရဲ့
သားကောင်များပါ တကား ...... ။

သြော်
အသက်ရှင်စဉ် ပြုံးပျော်ရွှင်ရင်း
ချစ်ခင်ယုယ ထိုသမုဒယက
သားရယ် သမီးနဲ့ ဇနီးမကျန်
ချစ်မေတ္တာ သင်္ခါရတွေ ဖြင့်
မခွဲ နိင်လေ မခွာရက်တွေနဲ့
ဒေါသရယ် ဖုံး မောဟရယ် ကွယ်
သောကနယ် ဗျာပဒါ တွေနဲ့
ပဒဒေဝ မီးတောက်တွေ
ကြီးဆိုးစွာ ရှိနေပါ တကား ..... ။

(ချစ်ရသူလှိုင်မင်း)

ဖြစ်ပြန်ပျက်ပြန် လောကဓံက
ရှောင်လွှဲကာ မရလေခြင်းမို့
အစဉ်အသိက ရင်ဝယ် ရှိလေမှ
ဇာတိ ဇရဏ ဗျာတိ မရဏကို
တရားအသိနဲ့ မြင်လိမ့်မယ် ။ ။
 

ယုံ ကြည် မှ ချစ်


ယုံ ကြည် မှ ချစ်
++++++++
Photo: ယုံ ကြည် မှ ချစ်
++++++++

ငါ့ အချစ်ကို မှတ်ကျောက်မတင်နဲ့

ချစာနေတဲ့ လောကကြီးမှာ

ငါ့ အချစ်တွေကို ဖြင့်

မသမာမှုတွေ မပါစေခြင်ဘူး

ယုံကြည်ရင် ချစ် မယုံကြည်ရင် လစ် .....

ငါ့ အချစ်တွေကို ဈေးလာမဖြတ်နဲ့

စိန် ရွှေ ငွေ ကျောက် တွေလို 

ခဏတာ ပကာသန ဆန်သော

တဒင်္ဂ အချစ်မျိုး မဟုတ်ဘူး

ဆံဖြူသွားကျိုး ထာဝရအချစ်မျိုး

ယုံကြည်ရင် ချစ် မယုံကြည်ရင် လစ် ......

(ချစ်ရသူလှိုင်မင်း)
ငါ့ အချစ်ကို မှတ်ကျောက်မတင်နဲ့

ချစာနေတဲ့ လောကကြီးမှာ

ငါ့ အချစ်တွေကို ဖြင့်

မသမာမှုတွေ မပါစေခြင်ဘူး

ယုံကြည်ရင် ချစ် မယုံကြည်ရင် လစ် .....

ငါ့ အချစ်တွေကို ဈေးလာမဖြတ်နဲ့

စိန် ရွှေ ငွေ ကျောက် တွေလို

ခဏတာ ပကာသန ဆန်သော

တဒင်္ဂ အချစ်မျိုး မဟုတ်ဘူး

ဆံဖြူသွားကျိုး ထာဝရအချစ်မျိုး

ယုံကြည်ရင် ချစ် မယုံကြည်ရင် လစ် ......

နူတ်ခွန်းဆက်

Photo: မင်္ဂလာပါ
---------

မင်္ဂလာ ရွှန်းဝေ

မြန်း ကျက်သရည်

လှရောင် တင့်ဆန်း

စိတ် ရွှင်လန်း

နံနက် ခင်းဝယ်

ဘေး ရန် စွယ်

ဝေးပါစေကြောင်း 

ဆုခြွေတောင်း

မင်္ဂလာအပေါင်း ခဝေညောင်း ။

(ချစ်ရသူလှိုင်မင်း)

မင်္ဂလာ ရွှန်းဝေ

မြန်း ကျက်သရည်

လှရောင် တင့်ဆန်း

စိတ် ရွှင်လန်း

နံနက် ခင်းဝယ်

ဘေး ရန် စွယ်

ဝေးပါစေကြောင်း

ဆုခြွေတောင်း

မင်္ဂလာအပေါင်း ခဝေညောင်း ။

ကျွန်တော်ရဲ့ သူမ


ကျွန်တော်ရဲ့ သူမ
+++++++++
Photo: ကျွန်တော်ရဲ့ သူမ
+++++++++

သူမ 
................. တစ်ခါ ပြုံးလိုက်တိုင်း

ကျွန်တော် နှလုံးသားထဲမှ

စီးဆင်းနေသော သွေးတို့သည်

ယောဟနီ မြစ်အတွင်းမှ ရေ သို့ ၎င်း 

အနော်မာသောင် မှ ရေ သို့ ၎င်း

တောင်ကျ စိမ့်စမ်း ရေ သို့ ၎င်း

ကြည်လင်အေးမြစွာ ရှိနေပါ၏ တကား ။ ။

(ချစ်ရသူလှိုင်မင်း)
သူမ 
................. တစ်ခါ ပြုံးလိုက်တိုင်း

ကျွန်တော် နှလုံးသားထဲမှ

စီးဆင်းနေသော သွေးတို့သည်

ယောဟနီ မြစ်အတွင်းမှ ရေ သို့ ၎င်း 

အနော်မာသောင် မှ ရေ သို့ ၎င်း

တောင်ကျ စိမ့်စမ်း ရေ သို့ ၎င်း

ကြည်လင်အေးမြစွာ ရှိနေပါ၏ တကား ။ ။

တိတ် တိတ် လေး သာ


တိတ် တိတ် လေး သာ
++++++++++++
Photo: တိတ် တိတ် လေး သာ
++++++++++++

ဟင်း ...................

မေ့ မှ ဖြစ် မည်

ရစ် ချည် သ မျှ

ဗျာ ပါ ဒ ကို

ခ ဝါ ချ လို့ နေပါရစေ ။

ဟင်း ...............

ထိတ် စ ရာ ရယ်

အ ဝိ ဇ္ဖာ က

မာ ယာ တွေ ညှင်း

စိတ် အ ဆင်း နဲ့

ယို ယွင်း သဲ မယ်

ပျက် ကြွေ ကာ သုန်း 

မြဲ သေ ဆုံး မို့ 

တိတ်တိတ်လေးသာ ဆွေးပါရစေ ။ ။

(ချစ်ရသူလှိုင်မင်း)
ဟင်း ...................

မေ့ မှ ဖြစ် မည်

ရစ် ချည် သ မျှ

ဗျာ ပါ ဒ ကို

ခ ဝါ ချ လို့ နေပါရစေ ။

ဟင်း ...............

ထိတ် စ ရာ ရယ်

အ ဝိ ဇ္ဖာ က

မာ ယာ တွေ ညှင်း

စိတ် အ ဆင်း နဲ့

ယို ယွင်း သဲ မယ်

ပျက် ကြွေ ကာ သုန်း 

မြဲ သေ ဆုံး မို့ 

တိတ်တိတ်လေးသာ ဆွေးပါရစေ ။ ။

ရူး ပြီ မောင်


ရူး ပြီ မောင်
======
Photo: ရူး ပြီ မောင်
======

ထယောင် မှိုင်ငေး

အတွေး လွင့်လူး

ဟို ဒီ မြူး လို့

ရူး များ ရူး လား

မသိပါဘူး မောင်

မွန်း ကြပ် ရွှေ ရင်

စား မ ဝင် ဘူး

မ ကြင် ကွယ် ဝှက်

ရင် လွှာ ပျက် လို့

ရူး များ ရူး လား

မသိပါဘူး မောင် ။ ။

(ချစ်ရသူလှိုင်မင်း)
ထယောင် မှိုင်ငေး

အတွေး လွင့်လူး

ဟို ဒီ မြူး လို့

ရူး များ ရူး လား

မသိပါဘူး မောင်

မွန်း ကြပ် ရွှေ ရင်

စား မ ဝင် ဘူး

မ ကြင် ကွယ် ဝှက်

ရင် လွှာ ပျက် လို့

ရူး များ ရူး လား

မသိပါဘူး မောင် ။ ။

မေ့ မ ရ

မေ့ မ ရ
--------
Photo: မေ့ မ ရ
--------

ဝေဒနာ မပြေသမျှတွေကို
******* ဖြေပါရစေလား မေ
ရင်မှ သမုဒယ ဖြင့် •••
သြော် 
တွယ်လို့ပင် ယုယပါရစေလား @@@

ချစ်သမျှဝေ လှစ်ဟခြွေမှ
နစ်ရဗျာပွေ မက်မပြေ
ကျွမ်းလျတွယ်နေ ပူသောနွေ ***

ပြန်မပြောခြင် သံယောဇဉ်မို့
စားသိခက်နေ အိပ်မရတွေနဲ့
ကြာလှတာရှည် ဆောင်း နွေ မိုး ပင်
ပြောင်း ခဲ့ ပေ ********

(ချစ်ရသူလှိုင်မင်း)
ဝေဒနာ မပြေသမျှတွေကို
******* ဖြေပါရစေလား မေ


ရင်မှ သမုဒယ ဖြင့် •••
သြော် 
တွယ်လို့ပင် ယုယပါရစေလား @@@

ချစ်သမျှဝေ လှစ်ဟခြွေမှ
နစ်ရဗျာပွေ မက်မပြေ
ကျွမ်းလျတွယ်နေ ပူသောနွေ ***

ပြန်မပြောခြင် သံယောဇဉ်မို့
စားသိခက်နေ အိပ်မရတွေနဲ့
ကြာလှတာရှည် ဆောင်း နွေ မိုး ပင်
ပြောင်း ခဲ့ ပေ ********

ကဗျာ အဖြစ်သာ

ကဗျာ အဖြစ်သာ
----------------

နေရစ်ပါတော့
ကြွေလွင့်ပေတော့
ဘဝနယ် တစ်ကွေ့မှာ
ခဏရယ် တွေ့ခဲ့ရသော
ချစ်သောသခင် မောင့်အရှင်ရယ် .....

မောင့် ဘဝမှာ
ကဗျာတွေကို မောင် ချစ်ခဲ့သလို
နင် ဆိုတဲ့ သခင်မကိုလည်း
ကဗျာအဖြစ် စာအဖြစ်သာ
ချစ်ပါရစေတော့ မောင့်အရှင်ရယ် ....

ကဗျာ ဆိုတာတွေက
အဆင်း လှတယ်
ရနံ့ သင်းတယ်
မာယာ ကင်းတယ်
ဖြူစင်မှု့တွေ ရှိတယ်
ကဗျာ ဆိုတာ နူးညံ့ပေမယ့်
အချစ် အလွမ်း တွေနဲ့မှ
စာစီသူရဲ့ ထားရာမှာနေ
သူ့နယ်သူချစ် ရင်ဝယ်ဖြစ်မို့
ကဗျာ ပါပဲကွယ် ချစ်သူရယ် ။ ။

ချစ်သော ငယ်

ချစ်သော ငယ်
**********
Photo: ချစ်သော ငယ်
**********

သံသရာရယ် နယ်တစ်ကွေ့မှာဖြင့်
အဖန်ကမ္ဘာဝယ် မဆုံတွေ့ပါရစေနဲ့လား
ချစ်သော ငယ် ....

ဩော်
ကံကြမ္မာနယ် ထုံမွှေပေသမို့
တို့နှစ်ကိုယ် ဆုံတွေ့ကြတယ်ပေါ့
ချစ်သော ငယ် ....

ရေမြေတွေ စည်းကာ ခြားပေမယ့်
ရင်လွှာတွေ နီးတာပဲလို့
ထင်မိသူ မောင့်ရင်တွင်းကိုဖြင့်
ပစ်ခဲ့သည့် မြှားဒဏ်ရာ
သေရာပါ ဝေဒနာစလေးတွေပဲ
အချစ်ရယ် 
တိမ်း ရက် တယ် ကွယ် ....

ပြန်တွေးရင် 
သံယောဇဉ် ခြေရာလေးတွေက 
နစ် သထက်သာ နစ် တွေနဲ့
ချစ် သထက်သာ ချစ်တွေပဲမို့
သည်ရင်မယ် တဆစ်ဆစ်ပါပဲ
အချစ်ရယ်
မောင် ရူး ပြီ ကွယ် .....

(ချစ်ရသူလှိုင်မင်း)
သံသရာရယ် နယ်တစ်ကွေ့မှာဖြင့်
အဖန်ကမ္ဘာဝယ် မဆုံတွေ့ပါရစေနဲ့လား
ချစ်သော ငယ် ....

ဩော်
ကံကြမ္မာနယ် ထုံမွှေပေသမို့
တို့နှစ်ကိုယ် ဆုံတွေ့ကြတယ်ပေါ့
ချစ်သော ငယ် ....

ရေမြေတွေ စည်းကာ ခြားပေမယ့်
ရင်လွှာတွေ နီးတာပဲလို့
ထင်မိသူ မောင့်ရင်တွင်းကိုဖြင့်
ပစ်ခဲ့သည့် မြှားဒဏ်ရာ
သေရာပါ ဝေဒနာစလေးတွေပဲ
အချစ်ရယ်
တိမ်း ရက် တယ် ကွယ် ....

ပြန်တွေးရင်
သံယောဇဉ် ခြေရာလေးတွေက
နစ် သထက်သာ နစ် တွေနဲ့
ချစ် သထက်သာ ချစ်တွေပဲမို့
သည်ရင်မယ် တဆစ်ဆစ်ပါပဲ
အချစ်ရယ်
မောင် ရူး ပြီ ကွယ် .....

တို့အတူနွှဲ ထမင်နှဲ


တို့အတူနွှဲ ထမင်နှဲ
+++++++++
Photo: တို့အတူနွှဲ ထမင်နှဲ
+++++++++

လက်ပြင် တွဲတွဲ
ချွေးက ရွှဲနှင့်
တူညီ ထိုးအား
ပေါင်းစု များနဲ့
ပျော်ရွှင်စွာဖြင့် နွှဲကြမည် ။

လ တပို့တွဲ
တူပျော် နွှဲ
ထမင်းနှဲ ဆီ
ဟန် ချက် ညီ
သာအေး မောင်လှ
ထိုး ပါ ကွ
ရေဖျန်း ရေပတ်
မ သေး ညှက်
ဖိုးထောင် ဖိုးမောင်
ဖင် ရယ် ပြောင်
အား ကုန် ကို နွှဲ
ရက် မြတ် ပွဲ
တို့ လူ မျိုး ရဲ့
ဓ လေ့ ပါ ပဲ ။ ။

(ချစ်ရသူလှိုင်မင်း)
လက်ပြင် တွဲတွဲ
ချွေးက ရွှဲနှင့်
တူညီ ထိုးအား
ပေါင်းစု များနဲ့
ပျော်ရွှင်စွာဖြင့် နွှဲကြမည် ။

လ တပို့တွဲ
တူပျော် နွှဲ
ထမင်းနှဲ ဆီ
ဟန် ချက် ညီ
သာအေး မောင်လှ
ထိုး ပါ ကွ
ရေဖျန်း ရေပတ်
မ သေး ညှက်
ဖိုးထောင် ဖိုးမောင်
ဖင် ရယ် ပြောင်
အား ကုန် ကို နွှဲ
ရက် မြတ် ပွဲ
တို့ လူ မျိုး ရဲ့
ဓ လေ့ ပါ ပဲ ။ ။

Thursday, May 8, 2014

သူ့ အလှမှာ အေး

သူ့ အလှမှာ အေး
=========
Photo: သူ့ အလှမှာ အေး
=========

ပွင့် ဖူး ဝေ ဆာ

သူ့ ရုပ် လွှာ

အ မြင် လည်း အေး

ရင် ထဲ နွေး

ချစ် ဖို့ ကောင်း တဲ့ 

မြန် မာ လေး 

ကောင်း ခြင်း ဝေ ဖြာ

သူ ဆီ မှာ

ပန်း ပွင့် တိုင်း လည်း

နိုင်း မ ရဲ

ကေ သာ နက် နက်

ပိ တုန်း ထက်

ဝင်း ညက် ပါး ပြင် 

နံ့ သာ တင်

လှ သွေး ယဉ် စု

မြန် မာ မှု့

ကောင်း မှူ့  ရင် ပါး

မြတ် စိတ် ထား

သာ စွ အိ နြေ္ဒ

တင့် ဆန်း ပေ 

သူ ရီ ရင် ပြုံး

ရင် ထဲ နုံး

သူ့အလှကို ရစ်မူးထုံး ***

(ချစ်ရသူလှိုင်မင်း)

ပုံလေးဖြင့် ကူညီပေးသော ချစ်သမီးအား ကျေးဇူးအထူးတင်ပါကြောင်း
ဒယ်တီ
ပွင့် ဖူး ဝေ ဆာ

သူ့ ရုပ် လွှာ

အ မြင် လည်း အေး

ရင် ထဲ နွေး

ချစ် ဖို့ ကောင်း တဲ့

မြန် မာ လေး

ကောင်း ခြင်း ဝေ ဖြာ

သူ ဆီ မှာ

ပန်း ပွင့် တိုင်း လည်း

နိုင်း မ ရဲ

ကေ သာ နက် နက်

ပိ တုန်း ထက်

ဝင်း ညက် ပါး ပြင်

နံ့ သာ တင်

လှ သွေး ယဉ် စု

မြန် မာ မှု့

ကောင်း မှူ့  ရင် ပါး

မြတ် စိတ် ထား

သာ စွ အိ နြေ္ဒ

တင့် ဆန်း ပေ

သူ ရီ ရင် ပြုံး

ရင် ထဲ နုံး

သူ့အလှမှာ ရစ်မူးထုံး ***

ကောင်မလေး ရယ်

ကောင်မလေး ရယ်
-------------------

ငါ ကဗျာတွေကို ဘောင်ခက်မထားသလို
အချစ်ဆိုသော ဝေါဟာရကိုလည်း

ခတ်ဆစ်တွေနဲ့ တစ်ခန်းတစ်နား
ဖွဲ့ဆိုမထားပါဘူး ကောင်မလေးရယ် ။

ငါ့ ဆီလာမယ်ဆို
ပကာသနတွေ ဘေးမှထား
မာယာတွေကို မေ့လို့ထား
သစ္စာတွေကို ယုံကြည်ထား
စိတ်ဓါတ်တွေကို ဖြူအောင်ထား
မောက်မာတာတွေ လွတ်ပြစ်ထား
ဝမရှိပဲ ဝိလုပ်တာတွေ သိမ်းခါထား
ခေတ်ဆန်တဲ့ပြောပြီ လှပ်ပေါ်လော်လီလို့
ဟိုပေါ် ဒီပေါ် အမြင်မတော် ဝတ်စလစ်တွေနဲ့ဖြင့်
ယောင်လိုပင် လာ... လာ မမြူဆွယ်နဲ့
သဘာဝမဟုတ်တဲ့ တင်္ဒဂမှာ
ခဏတာ ငါ မသာယာနိင်တာ
ထာဝရပါ ကောင်မလေးရယ် ။

ငါ ချစ်တာသိလို့ သစ္စာရှိရင်
သနပ်ခါးကို ပါးမှာလူး
နံ့သာထူးတဲ့ အရိုင်းပန်းဆိုလည်း
ခြွေလို့ပင် နင်း ကာမသွားပဲ
တန်ဖိုးထား နမ်းသွားမယ့်
ကောင်စားပါကွယ် ကောင်မလေးရယ် ။ ။