ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, January 26, 2014

မျှော် လင့် နေ စဲ


မျှော် လင့် နေ စဲ
-----------------
Photo: မျှော် လင့် နေ စဲ
-----------------

စိတ္တဇ အသည်းနဲ့
အတိတ် ဘဝတောင်
မခွဲ မခွဲ ဘူးပေါ့ ခင် ***

ထားခဲ့ကြ ကတိ
တွယ်ငြိခဲ့ အကြင်နာ
ပြန်ပြောရင်တော့လေ
သြော် 
သံယောဇဉ်ပေါ့ ခင် ~~~

အရိပ်ပမာ လေးနဲ့
လိပ်ပြာ လေးလိုဝဲရင်း
တစ်မိုးအောက် မှာမဖောက်လွဲ
နှစ်ယောက်ကမ္ဘာ တည်လို့
ချစ်မေတ္တာတွေ စီခဲ့ကြတယ် ခင်---

ခုများ ဘယ်မှာ
ပုန်းရှောင် ကြာလို့
မမြင် မတွေ့ 
ခင် မေ့ပေမယ့် 
အရင်နေ့တွေလိုပဲ
မောင် မှာ ဖြင့် လေ
သြော် ***

မျှော် လင့် နေ စဲ .....

(ချစ်ရသူလှိုင်မင်း)
စိတ္တဇ အသည်းနဲ့
အတိတ် ဘဝတောင်
မခွဲ မခွဲ ဘူးပေါ့ ခင် ***

ထားခဲ့ကြ ကတိ
တွယ်ငြိခဲ့ အကြင်နာ
ပြန်ပြောရင်တော့လေ
သြော် 
သံယောဇဉ်ပေါ့ ခင် ~~~

အရိပ်ပမာ လေးနဲ့
လိပ်ပြာ လေးလိုဝဲရင်း
တစ်မိုးအောက် မှာမဖောက်လွဲ
နှစ်ယောက်ကမ္ဘာ တည်လို့
ချစ်မေတ္တာတွေ စီခဲ့ကြတယ် ခင်---

ခုများ ဘယ်မှာ
ပုန်းရှောင် ကြာလို့
မမြင် မတွေ့ 
ခင် မေ့ပေမယ့် 
အရင်နေ့တွေလိုပဲ
မောင် မှာ ဖြင့် လေ
သြော် ***

မျှော် လင့် နေ စဲ .....

No comments:

Post a Comment