----------------------------

သတ္တ ဆိုတဲ့ လောက ကြီးနဲ့
ဘဒ္ဒ ဆိုတဲ့ ကမ္ဘာ ကြီးမှာ
နင်
ဘုရင် ဝေသန္ဒရာ လိုများ
အချစ်တွေ များခဲ့လေသလား မာယာ ...
ဒီမှာ မာယာ
အမျိုးမှန် အဖိုးတန်လို့
နင့်ကိုယ်မှ
ပန်းတော်ဝင် ဖြစ်စေချင်တာက
ငါ့ ဆန္ဒ ပါ
ရင် ကိုယ်ရင်ခြင်း ရင်းတဲ့ပွဲမှာ
အပြစ်အနာ အစာ မရှိပါပဲ
ဒဏ်ရာတွေ ဗလပွနဲ့
သွေးစိမ်းရှင်ရှင် ထွက်ခဲ့ရသူက
ငါ တစ်ယောက်ထဲပါ မာယာ ....
ခန္ဓာဝန် မြေစဲပါမှ
သေပွဲ ဝင်ရတာ မဟုတ်ပါဘူးဟာ
နာမည်တွေ အသစ်အဆန်းနဲ့
မာယာတွေ ဥာဏ်များနေသမျှ
ပျက်ကြွေဖွယ် အရှက်တွေနဲ့
အခက်ဝေဖွယ် မိန်းမရိုင်းလို
နင် ဟာလေ ဘယ်တော့မှ
မိန်းမကောင်း မဟုတ်တော့ဘူး
မာယာ မာယာ မာယာ မာယာ ...
No comments:
Post a Comment