ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, January 26, 2014

ပန်းလို ငြိုးစေအုံး ခင်

ပန်းလို ငြိုးစေအုံး ခင်
-------------------

ခင်မင် မူကို
အခြေတည် လို့
သန္ဓေ တည်ခါ
ဖြစ်လာ တာက
ကျွန်တော် နှလုံးသား
ဈာပန ပွဲ ပေါ့ ~~~

မုသား မပါ
လင်္ကာ မနွယ်ပဲ
ခင့် အပေါ်ကိုမှ
ရှင်သန်လို့ ပေါက်ဖွား
ချစ်မိတဲ့ လေ
သဘော တရားတွေနဲ့မှ
အကြောက် တရားနည်းစွာနဲ့
သေဘေးကိုမှ မမြင်သာ
နယ်ကျွံခါ ဖြစ်လာလေသော
နှလုံးသားမှ အချစ် များက
တဒင်္ဂဖြစ်ရင် ကျွန်တော်မျိုးလေ
လည် စင်းခါ ပေးမှာပေါ့ ကွယ် ***

ရာဇင်တွေ စာတင်ခါ
ပြောမပြော ခြင်တော့ပါဘူး
သူချစ် ရယ် ကိုယ်ချစ် က
သြော်
နှစ်ကိုယ်ချစ်တွေ မဟုတ်သော်ညား
ချစ်တာသိလို့ သစ္စာလေးတွေ
ရှိကြရင်တော့ ကျွန်တော်ကလေ
အကြွေပန်း ဖြစ်ပါစေနော်
ဝေခါလေ လန်းသွားအောင်
နမ်းပြမဲ့ ကောင်စားပါ ခင် ....



No comments:

Post a Comment