ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

တမ်း တ လို့ ဆူး

တမ်း တ လို့ ဆူး
!!!!!!^ ^!!!!!!!

ဩော်
တစ်ကယ် မဝေးပေမယ့်
စံပါယ် ကလေးတွေလည်း
မွှေးနေပြီ ခင် ....

မခေါ်သာ နေ့ရက်တွေထဲ
ပေါ်မလာ နင့် ကိုမှဖြင့်
မျှော်မိပြန် စိတ်အတွေးနဲ့
ကျိတ်ပိုးခါ ဆွေးမိတယ် ....

ခုများဆို
ပန်းအကြွေ လှမ်းလျှောက်ခါ
ကောက်ခဲ့ လမ်းမှာလည်း
လွမ်းလောက်ဖွယ် လွမ်းတေးတွေနဲ့
ပန်းစံပါယ် ငိုရှာရော့မယ်
ခင် ရေ
တမ်း တ လို့ ဆူး ......

Photo: တမ်း တ လို့ ဆူး
!!!!!!^ ^!!!!!!!

ဩော်
တစ်ကယ် မဝေးပေမယ့်
စံပါယ် ကလေးတွေလည်း
မွှေးနေပြီ ခင် ....

မခေါ်သာ နေ့ရက်တွေထဲ
ပေါ်မလာ နင့် ကိုမှဖြင့်
မျှော်မိပြန် စိတ်အတွေးနဲ့
ကျိတ်ပိုးခါ ဆွေးမိတယ် ....

ခုများဆို
ပန်းအကြွေ လှမ်းလျှောက်ခါ
ကောက်ခဲ့ လမ်းမှာလည်း
လွမ်းလောက်ဖွယ် လွမ်းတေးတွေနဲ့
ပန်းစံပါယ် ငိုရှာရော့မယ်
ခင် ရေ
တမ်း တ လို့ ဆူး ......

(ချစ်ရသူလှိုင်မင်း)

No comments:

Post a Comment