ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

ညီမလေးတို့ရယ် နားလည်ကွယ်

ညီမလေးတို့ရယ် နားလည်ကွယ်
~~~~~~~~~~~~~~~~~~
Photo: ညီမလေးတို့ရယ် နားလည်ကွယ်
~~~~~~~~~~~~~~~~~~

တစ်ခန်းတစ်နားနဲ့များကွယ်
နူတ်တစ်ရာ စာစကားလုံးတွေစီလို့
ဗန်းစကားတွေ ပြောခါပြရင်
ညီမလေးရေ စကားလုံးတွေ
နာခါးသွားလေမလား ....

အွန်လိုင်းမို့နော် အမြင်လေးတွေ
မရိုင်းကြပဲ မှာလင်္ကာကဗျာတစ်ပုဒ်ရယ်နဲ့
ထုတ်နူတ်ခါ အကိုချွေပါရစေအုံး ကွယ် .....

ညီမလေး ရေ
အသိမကြွယ် ကလေးငယ်လည်း
မဟုတ်ညားမို့ ပွင့်လင်းစွာရယ်
အကိုပြောခါလေ ပြရရင်တော့
ဘာသာမတူ အိမ်သူတွေလည်း
ဆေးမှားခါ အရွေးမမှားနဲ့ ....
ရတနာ သုံးပါးကိုလည်း
အသိကပ်ခါ သေတောင်မမေ့နဲ့ ....

ညီမလေး ရေ
တိုးတက်နေတဲ့ သည်ခေတ်ကြီးမှာ
ဖေ့ဘုတ်တစ်မယ် လမ်းအသွယ်သွယ်နဲ့
နိင်းဆိုဒ်တွေလည်း သုံးဖူးမှာပေါ့ 
ပျော်စရာ သူငယ်ချင်းတွေနဲ့
ပီတိတွေလည်း ထပ်ခါဖုံးခဲ့မှာပါ
သုံးတက်ရင်ဆေး မသုံးတက်ရင်လေ
ဘေးဆိုးတွေ တွေ့မယ့်အရေးပေမို့
စိတ်ဝယ်သတိ အထူးရှိခါ
အလိမ်မာလေး သုံးတက်စေကွယ် ....

ညီမလေး ရေ
ဖေ့ဘုတ်မှာလည်း ချစ်သူရည်စား
မလွဲဧကံ ထားမိမှာမို့
တစ်ယောက်ပြောင်းခါ နောက်တစ်ယောက်နဲ့
မျက်နှာများခါ မြှာမပွေနဲ့
ကျားသနားမှ နွားချမ်းသာတာ
သဘာဝရဲ့ ဓမ္မတာနော်
ယုတ်မာပတ်စက် ဓါးထက်ထက်နဲ့
မကောင်းကြံက ခံရမှာက
မိန်းမသားဆိုတဲ့ ပန်းကလေးတွေ
ချစ်သူရည်စား ရှိခဲ့ညားက
ပွင့်လင်းစွာနဲ့ ရင်ဖွင့်ကြရင်း
အေးအတူ ပူအမျှတွေကို
ဖေးကူခါ နားလည်မှုတွေနဲ့
သစ္စာတွေ ရှိကြစမ်းပါ ကွယ် ....

ညီမလေး ရေ
မိတ်ဆွေ သူငယ်ချင်းတွေ က
လက်ဆောင်လေးတွေ လာပေးတာလည်း
မုချမသွေ ကြုံရမှာပါလေ
ပေးသောလက်ဆောင် မာယာပါလား
ဥာဏ်တွေကစားလို့ ချစ်သူမဟုတ်ပဲ
ချစ်သူအတွက်တို့ ရေးခဲ့ပါမှု
ချစ်သူအမှန်ရယ် မဟုတ်ညားပေမို့
ဘလော့ခါထားမှ ရန်အေးမယ်
ချစ်သူနဲ့လည်း သံသရအစလေး မီးပွားမယ်
ချစ်သူကလေနားလည်မှုတွေ ရှိပါစေအုံး
ပတ်ဝင်ကျင် အမြင်ရိုင်းတို့ရယ်က
စိတ်ဓါတ်အခြေ အဆိုးတို့ရယ်နဲ့
မျက်နှာတွေ များလေကွယ်တို့ရယ်လို့
လက်တို့ခါ ပြောနေကြရင်
အရှက်တရားတွေ "မ"နှလုံးမယ်ရှိနေကြမို့
အမျိုးမှန် အဖိုးတန် ပန်းကလေးတွေ
ဖြစ်ကြစေဖို့ နူတ်ကဗျာခြွေ သည်စကားကို
ညီမလေး တို့ရေ နားလည်ပါမလား ။ ။

(ချစ်ရသူလှိုင်မင်း)
တစ်ခန်းတစ်နားနဲ့များကွယ်
နူတ်တစ်ရာ စာစကားလုံးတွေစီလို့
ဗန်းစကားတွေ ပြောခါပြရင်
ညီမလေးရေ စကားလုံးတွေ
နာခါးသွားလေမလား ....

အွန်လိုင်းမို့နော် အမြင်လေးတွေ
မရိုင်းကြပဲ မှာလင်္ကာကဗျာတစ်ပုဒ်ရယ်နဲ့
ထုတ်နူတ်ခါ အကိုချွေပါရစေအုံး ကွယ် .....

ညီမလေး ရေ
အသိမကြွယ် ကလေးငယ်လည်း
မဟုတ်ညားမို့ ပွင့်လင်းစွာရယ်
အကိုပြောခါလေ ပြရရင်တော့
ဘာသာမတူ အိမ်သူတွေလည်း
ဆေးမှားခါ အရွေးမမှားနဲ့ ....
ရတနာ သုံးပါးကိုလည်း
အသိကပ်ခါ သေတောင်မမေ့နဲ့ ....

ညီမလေး ရေ
တိုးတက်နေတဲ့ သည်ခေတ်ကြီးမှာ
ဖေ့ဘုတ်တစ်မယ် လမ်းအသွယ်သွယ်နဲ့
နိင်းဆိုဒ်တွေလည်း သုံးဖူးမှာပေါ့
ပျော်စရာ သူငယ်ချင်းတွေနဲ့
ပီတိတွေလည်း ထပ်ခါဖုံးခဲ့မှာပါ
သုံးတက်ရင်ဆေး မသုံးတက်ရင်လေ
ဘေးဆိုးတွေ တွေ့မယ့်အရေးပေမို့
စိတ်ဝယ်သတိ အထူးရှိခါ
အလိမ်မာလေး သုံးတက်စေကွယ် ....

ညီမလေး ရေ
ဖေ့ဘုတ်မှာလည်း ချစ်သူရည်စား
မလွဲဧကံ ထားမိမှာမို့
တစ်ယောက်ပြောင်းခါ နောက်တစ်ယောက်နဲ့
မျက်နှာများခါ မြှာမပွေနဲ့
ကျားသနားမှ နွားချမ်းသာတာ
သဘာဝရဲ့ ဓမ္မတာနော်
ယုတ်မာပတ်စက် ဓါးထက်ထက်နဲ့
မကောင်းကြံက ခံရမှာက
မိန်းမသားဆိုတဲ့ ပန်းကလေးတွေ
ချစ်သူရည်စား ရှိခဲ့ညားက
ပွင့်လင်းစွာနဲ့ ရင်ဖွင့်ကြရင်း
အေးအတူ ပူအမျှတွေကို
ဖေးကူခါ နားလည်မှုတွေနဲ့
သစ္စာတွေ ရှိကြစမ်းပါ ကွယ် ....

ညီမလေး ရေ
မိတ်ဆွေ သူငယ်ချင်းတွေ က
လက်ဆောင်လေးတွေ လာပေးတာလည်း
မုချမသွေ ကြုံရမှာပါလေ
ပေးသောလက်ဆောင် မာယာပါလား
ဥာဏ်တွေကစားလို့ ချစ်သူမဟုတ်ပဲ
ချစ်သူအတွက်တို့ ရေးခဲ့ပါမှု
ချစ်သူအမှန်ရယ် မဟုတ်ညားပေမို့
ဘလော့ခါထားမှ ရန်အေးမယ်
ချစ်သူနဲ့လည်း သံသရအစလေး မီးပွားမယ်
ချစ်သူကလေနားလည်မှုတွေ ရှိပါစေအုံး
ပတ်ဝင်ကျင် အမြင်ရိုင်းတို့ရယ်က
စိတ်ဓါတ်အခြေ အဆိုးတို့ရယ်နဲ့
မျက်နှာတွေ များလေကွယ်တို့ရယ်လို့
လက်တို့ခါ ပြောနေကြရင်
အရှက်တရားတွေ "မ"နှလုံးမယ်ရှိနေကြမို့
အမျိုးမှန် အဖိုးတန် ပန်းကလေးတွေ
ဖြစ်ကြစေဖို့ နူတ်ကဗျာခြွေ သည်စကားကို
ညီမလေး တို့ရေ နားလည်ပါမလား ။ ။

No comments:

Post a Comment