ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, January 27, 2014

မြန်မာမလေးများ သို့

မြန်မာမလေးများ သို့
©©©©©©©©
Photo: မြန်မာမလေးများ သို့
©©©©©©©©

မပြောမပြီး မတီးမမြည်မို့
ကဗျာလင်္ကာ စာတစ်ပုဒ်နဲ့
အမျိုးပျောက်မှာ စိုးကြောက်သူက
မှာတမ်းခြွေ စာသီထုတ်မယ်
နားနဲ့မနာပဲ နှလုံးသားနဲ့သာ
နားလိုက်ကြပါ မြန်မာမလေးတို့ ရေ ...

မမြင်မတော် ဝတ်စလစ်တွေနဲ့
မြင်ကတည်းက ရင်ထဲမှာကြွ
ဘဝင်အသည်းက တုန်
မလုံ မလုံ သင်းတို့ ဝတ်ပုံ ...

တော်တော်ကဲလို့ ဖော်ဖော်ရဲပ
ရှေ့က ကြည့်လည်း အကုန်
နောက်က ကြည့်လည်း အကုန်
အောက်က ကြည့်လည်း အကုန်
အထက်က ကြည့်လည်း အကုန်
ခန္ဓာကိုယ်ကို လှစ်ဟာပြမှ
ဒါလားဟဲ့ မြန်မာ မြန်မာ ...

ပျက်စီးလွယ် သည်ခေတ်ကြီးမှာမှ
ကျိုးတိုးတိုးရယ် ကြောင်တောင်တောင်နဲ့
ထိုးထိုးလို့ ထောင်ထားကြသေး
ဆံနီ ဆံပြာ ဆံဝါ တွေနဲ့မှ
ဂလိုပယ် ခေတ်မှာများ
ကြည့် ကြည့် ကြပါအုံး
ဒါလားဟဲ့ မြန်မာ မြန်မာ ...

အနောက် သဏ္ဍန်သရုပ်တွေနဲ့
ဟန်ပျက်တယ် ရှင်မတောင်သနပ်ခါး
ဘယ်ချောင်မှာ ပုန်းနေရောသလဲ
တစ်မျိုးသရုပ်ပြတွေနဲ့ မှ
ရိုးထုတ်ထုတ်ခါ ဝင့်လို့ကြွားတယ်
အမလေးဟဲ့ ဒူးပေါ် ပေါင်ပေါ် 
အလည်ကွဲ နောက်ကွဲ အကုန်ခွဲတော့ 
ဒါလားဟဲ့ မြန်မာ မြန်မာ ...

ခေတ်မဆန် အချိတ်ထမိတ်နဲ့
ယောင်ဆံထုံးကို နောင်ထုံးရမယ်လို့
မပြော မပြော လိုပါဘူးကွယ့်
ရှေ့ဆက်တိုးရင် သည့်ထက်စိုးမယ်
ရှေ့ဆက်တက်ရင် သည့်ထက်ပျက်မယ်
မြန်မာဆိုတာက တထီးတနန်းနဲ့လေ
အမျိုးပျောက်မှာ စိုးကြောက်ရင်
မလုံမလဲ အကုန်ခွဲမဝတ်နဲ့
စိန်မခေါ်လိုက်လေနဲ့ မြန်မာမလေးတို့ရယ်
ဒါလား မြန်မာ လာလာမေးရင်
အံကြိတ်ခါ ဖြေရတယ်
အလိုကွယ် ရှက်တယ်ဟယ် ....

ဘီရာဆေးလိပ် လက်မှာချိတ်လို့
ဟေ့လာဟောင်ဟား ထင်ယောင်မှားတော့
သရုပ်ပျက်တယ် မြန်မာမလေးတို့ရယ် ..

အိနြေ္ဒမဲ့ခါ စိန်ရွှေမက်ခါ့
ဘဝကိုလည်း ရောင်းမစားနဲ့
ပျက်ပြီးရင်းပျက် ခက်ပြီးရင်းခက်တော့
ရိုက္ခာအတွက် သိက္ခာဖျက်လို့
လိပ်ပြာတွေက မရှက်ဘူးလား
ယိုသူမရှက် မြင်သူရှက်မို့
အတုမြင် အတက်မသင်လိုက်လေနဲ့
မြန်မာ မြန်မာ မြန်မာမလေးတို့ ရယ် ...

(ချစ်ရသူလှိုင်မင်း)
မပြောမပြီး မတီးမမြည်မို့
ကဗျာလင်္ကာ စာတစ်ပုဒ်နဲ့
အမျိုးပျောက်မှာ စိုးကြောက်သူက
မှာတမ်းခြွေ စာသီထုတ်မယ်
နားနဲ့မနာပဲ နှလုံးသားနဲ့သာ
နားလိုက်ကြပါ မြန်မာမလေးတို့ ရေ ...

မမြင်မတော် ဝတ်စလစ်တွေနဲ့
မြင်ကတည်းက ရင်ထဲမှာကြွ
ဘဝင်အသည်းက တုန်
မလုံ မလုံ သင်းတို့ ဝတ်ပုံ ...

တော်တော်ကဲလို့ ဖော်ဖော်ရဲပ
ရှေ့က ကြည့်လည်း အကုန်
နောက်က ကြည့်လည်း အကုန်
အောက်က ကြည့်လည်း အကုန်
အထက်က ကြည့်လည်း အကုန်
ခန္ဓာကိုယ်ကို လှစ်ဟာပြမှ
ဒါလားဟဲ့ မြန်မာ မြန်မာ ...

ပျက်စီးလွယ် သည်ခေတ်ကြီးမှာမှ
ကျိုးတိုးတိုးရယ် ကြောင်တောင်တောင်နဲ့
ထိုးထိုးလို့ ထောင်ထားကြသေး
ဆံနီ ဆံပြာ ဆံဝါ တွေနဲ့မှ
ဂလိုပယ် ခေတ်မှာများ
ကြည့် ကြည့် ကြပါအုံး
ဒါလားဟဲ့ မြန်မာ မြန်မာ ...

အနောက် သဏ္ဍန်သရုပ်တွေနဲ့
ဟန်ပျက်တယ် ရှင်မတောင်သနပ်ခါး
ဘယ်ချောင်မှာ ပုန်းနေရောသလဲ
တစ်မျိုးသရုပ်ပြတွေနဲ့ မှ
ရိုးထုတ်ထုတ်ခါ ဝင့်လို့ကြွားတယ်
အမလေးဟဲ့ ဒူးပေါ် ပေါင်ပေါ်
အလည်ကွဲ နောက်ကွဲ အကုန်ခွဲတော့
ဒါလားဟဲ့ မြန်မာ မြန်မာ ...

ခေတ်မဆန် အချိတ်ထမိတ်နဲ့
ယောင်ဆံထုံးကို နောင်ထုံးရမယ်လို့
မပြော မပြော လိုပါဘူးကွယ့်
ရှေ့ဆက်တိုးရင် သည့်ထက်စိုးမယ်
ရှေ့ဆက်တက်ရင် သည့်ထက်ပျက်မယ်
မြန်မာဆိုတာက တထီးတနန်းနဲ့လေ
အမျိုးပျောက်မှာ စိုးကြောက်ရင်
မလုံမလဲ အကုန်ခွဲမဝတ်နဲ့
စိန်မခေါ်လိုက်လေနဲ့ မြန်မာမလေးတို့ရယ်
ဒါလား မြန်မာ လာလာမေးရင်
အံကြိတ်ခါ ဖြေရတယ်
အလိုကွယ် ရှက်တယ်ဟယ် ....

ဘီရာဆေးလိပ် လက်မှာချိတ်လို့
ဟေ့လာဟောင်ဟား ထင်ယောင်မှားတော့
သရုပ်ပျက်တယ် မြန်မာမလေးတို့ရယ် ..

အိနြေ္ဒမဲ့ခါ စိန်ရွှေမက်ခါ့
ဘဝကိုလည်း ရောင်းမစားနဲ့
ပျက်ပြီးရင်းပျက် ခက်ပြီးရင်းခက်တော့
ရိုက္ခာအတွက် သိက္ခာဖျက်လို့
လိပ်ပြာတွေက မရှက်ဘူးလား
ယိုသူမရှက် မြင်သူရှက်မို့
အတုမြင် အတက်မသင်လိုက်လေနဲ့
မြန်မာ မြန်မာ မြန်မာမလေးတို့ ရယ် ...

No comments:

Post a Comment