---------------------------------------

ဖြစ်တည်လာသော
သံယောဇဉ်တွေမှ တစ်ဆင့်
ရင်နင့်အောင် ချစ်မိခဲ့ပါသည်
ကောင်မလေး ရယ် ....
ဘယ်သောအခါမှ
အရောင်မပြောင်းသော
အတိအကျ ချစ်ခြင်းတွေနဲ့
ခုန်မင်စွာ တက်မက်ခဲ့ပါသည်
ကောင်မလေး ရယ် ...
ကဗျာတွေ ရေးခါ
ရင်းတွင်းဆန္ဒတွေ ပေးရင်း
နွေးထွေးတဲ့ အချစ်နဲ့
ရစ်ဖွဲ့ကာ နှောင်တွယ်လို့
ဘဝတစ်သက်စာ ပုံအောချင်တယ်
ကောင်မလေး ရယ် ....
ဖယ်ခွာလို့ တိမ်းရှောင်
ပြုံးယောင်ယောင် နှုတ်ခမ်းလေးတွေနဲ့
သူစိမ်းဆန်စွာ လမ်းခွဲစကားတော့
နားဝမှာခါးမှာမို့ မကြားပါရစေနဲ့လား
ကောင်းမလေး ရယ် ....
No comments:
Post a Comment