
ခိုင့် အတွက် ကဗျာတစ်ပုဒ်
--------------------------
အနှစ် မပါ
အချစ် ဗလာတွေနဲ့
ချစ် ခဲ့ သူ ရေ ....
တဒင်္ဂ အချစ်ဆိုတာတွေ
နင့် ရင်မှာ ဖြစ်တည်လေသလား
ပြုစားသူလို့ မဆိုရက်သူမို့
မညှာမတာ အချစ်တွေကိုမှ
စားသုံးသွားသူ နင့်ကိုလေ
လည့်စားသူလို့ပဲ ခေါ်ပါရစေ ခိုင် ....
စိတ်အခြေ ဖြေတည်စဲနဲ့
အရိပ်ဝေ အခက်ဖြာစဲမို့
အကြောင်းမထူး ပေမယ့်
နှောင်းအကူးထိ နင့်ကိုယ်
ချစ်နေအုံးမလား ခိုင် .....
ခိုင် ရေ
မကြင်နာ တမင်ခွာတိမ်းလည်း
အရင်တစ်ခါ နင့် အနမ်းကိုမှ
ဝင်တစ်ခါ ထွက်တစ်လည့်နဲ့
အသက်ရူတိုင်းမှာ နင့် ကိုယ်လေ
လွမ်းနေအုံးမလား မသိပါဘူး
ငါ့ ကိုယ်မချစ်တဲ့ ငါ့ ချစ်သူ ခိုင် ....
No comments:
Post a Comment