-------------

လွမ်းရိပ်ဝေ သည်နွေဦးမှာလည်း
တမ်းတစေ ဗျာပါအမောတွေနဲ့
မှန်းစမပြေ သည်နှလုံးသားက
နွမ်းလျပြီလေ ချစ်သူရေ ....
မြန်းမကြာ တစ်ခါတုန်းဆီမှ
အနမ်း အခါခါတွေကိုများ
မှတ်မိအုံး မလားရယ်လို့
စိတ်အခြေ ရင်ရပ်ဝန်းဆီက
တ ဒိတ် ဒိတ် နဲ့ မျှော်စဲလေ ....
ဩော်
မောင် သစ္စာတွေ ထားပါရဲ့
အပျော်သစ်ရှာ မထားဝံ့သူမို့
လှော် ချစ်ခါ မသွားပါနဲ့လား
မခွဲအစဉ် ဘဝ ဘဝတွေနဲ့
အမြဲ အတူတူ နီးရအောင်
ခင် လည်းမမုန်း မောင် လည်းမမုန်းပဲ
အပြုံးများနဲ့သာ နေပါရစေလေ
မခွဲ မခွဲ အတူပါလေ ချစ်သူရေ ....
No comments:
Post a Comment