---------------------------
ပွင့်လင်းစွာ ရင်ဖွင့်ခွင့်တွေ
ရှိမနေမှတော့ ချစ်သူရယ်
အချစ်ဆိုတဲ့ ခက်ဆစ်ကြီးကို
ငါ လေ
အဓိပ္ပါယ်တွေ မဖွင့်ဆိုပါရစေနဲ့တော့ .....
ချစ်သူတွေ ကြားထဲမှာလေ
အလွဲတကာ အလွဲထဲမှာမှ
အယူလွဲတာ ယုံကြည်မှုလွဲတာ
သစ္စာမွဲတာ မေတ္တာနည်းတာက
အဆိုးဆုံးပါ ချစ်သူရယ် ....
ကံကိုပုံပြီးတော့လည်း ယိုးမယ်မဖွဲ့တော့ဘူး
ကံဆိုးမသွားရာ မိုးလိုက်ရွာနေသမျှ
ငါ့ ဘဝက မထူးတော့ပါဘူး ဟာ
နေမြင့်လေ အရူးရင့်လေ ဘဝနဲ့
ငါ အပြစ်နဲ့ ငါ့ အချစ်ဒဏ်တွေကို
ငါ ရင်ဆီးခါ ခံလိုက်ပါတော့မယ်
ငါ အရမ်းချစ်တဲ့ ငါ့ ချစ်သူရယ် .....

No comments:
Post a Comment