--------------

ရွှေပြည်တော်
ပြန်မယ့်အရေးပေမို့
မျှော်တိုင်းလည်း
မဝေးတော့ပါဘူး ချို ...
နှစ်ကိုယ်သစ္စာ
ထုံမေတ္တာ
ချစ်စခန်းကိုဖြင့်
လှမ်းကြမယ်
တူပျော်ပျော်
ဂဟေဆက်ဆို့နော် ...
ကံကြမ္မာ ဆုံဘဝပေမို့
သံသရာရယ် ဘုံတစ်ကွေ့မှာ
ချစ်မေတ္တာ သံယောဇဉ်
လွန်းတင်ရစ်တဲ့ ကြိုးတွေက
မြဲ မြဲ ကြ တယ် ချို .....
မခွဲ မခွဲ ဘဝကွယ်လို့ ကို က ဆို
အရှက်ပို ချို့ မျက်ဝန်းဆီမှ
မူပိုခါ ပြုံးစက်ရွှန်းတော့
အခြေမခိုင် ကြွေယိုင်ပါ ကို နှလုံး
ထာဝရ ဘယ်ခါ မမုန်း .....
No comments:
Post a Comment