ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

တောင်းဆုလေးပါ ခင်

တောင်းဆုလေးပါ ခင်
----------------------
Photo: တောင်းဆုလေးပါ ခင်
----------------------

အချစ်ဆိုတာက
ရယူခြင်းလား ခင် 

ပြောပြရင် လေ
သံယောဇဉ် ရေစီးကြောင်းက
စိမ့်စမ်းရေလို တစ်သွင်သွင်သာ
စီးဆင်းလျှက်ပါပဲ ခင် 

ချောင်းဆိုတာတွေ ကောခြင်ကောမယ်
မြစ်ဆိုတာတွေ တိမ်ခြင်တိမ်မယ်
ချစ်မေတ္တာ သည်ကမ်းပါးက
တိုက်စားမပြို ဖျက်လို့မပျက်
ကျောက်စောင်ကျောက်သား 
ခိုင်မာညားသလို ဖြစ်တည်နေသမျှတော့
ဘယ်သူလာ ဖျက်စိးနိင်မလဲ ခင်

ခင် ရေ
မပိုင်ဆိုင်ရပေမယ့်လည်း
ပေးစပ်သူ အချစ်သမားအတွက်
ဆုဆိုတာတွေ တောင်းလို့ရရင်တော့
မောင် ကအရမ်းချစ်ပြီး
မောင် ကိုအရမ်းချစ်တဲ့
ကြင်သူမျိုးသာ ရပါစေလို့
တောင်းဆုလေးတော့
ပြုခြင်မိတယ် ခင် ....

(ချစ်ရသူလှိုင်မင်း)
အချစ်ဆိုတာက
ရယူခြင်းလား ခင် 

ပြောပြရင် လေ
သံယောဇဉ် ရေစီးကြောင်းက
စိမ့်စမ်းရေလို တစ်သွင်သွင်သာ
စီးဆင်းလျှက်ပါပဲ ခင်

ချောင်းဆိုတာတွေ ကောခြင်ကောမယ်
မြစ်ဆိုတာတွေ တိမ်ခြင်တိမ်မယ်
ချစ်မေတ္တာ သည်ကမ်းပါးက
တိုက်စားမပြို ဖျက်လို့မပျက်
ကျောက်စောင်ကျောက်သား
ခိုင်မာညားသလို ဖြစ်တည်နေသမျှတော့
ဘယ်သူလာ ဖျက်စိးနိင်မလဲ ခင်

ခင် ရေ
မပိုင်ဆိုင်ရပေမယ့်လည်း
ပေးစပ်သူ အချစ်သမားအတွက်
ဆုဆိုတာတွေ တောင်းလို့ရရင်တော့
မောင် ကအရမ်းချစ်ပြီး
မောင် ကိုအရမ်းချစ်တဲ့
ကြင်သူမျိုးသာ ရပါစေလို့
တောင်းဆုလေးတော့
ပြုခြင်မိတယ် ခင် ....

No comments:

Post a Comment