------------------

သတိရမိတယ် မကြာ မကြာ
တမ်းတမိတယ် အခါခါ ပေါ့
ဆိုးစိတ်ခြွေ ဗျာပဒတွေနဲ့
တိုးတိတ်မပြေ ရင်အလွမ်းတွေကို
သြော်
ခင် သိမှ သိပါမလား
မှာတမ်းခြွေ လင်္ကာတွေနဲ့
တစ်ခါးအနမ်းတွေ ပေးခဲ့ဖူးတယ်
တဒင်္ဂဆိုတာတွေ ကိုယ်မှ
ရင်မှလေ ဖြစ်ခဲ့လေသလား ခင်ရယ်
တစ်နေဝင် တစ်နေထွက်တွေနဲ့
ရက် လ ရယ် အလီလီ ပြောင်းနေလည်း
မမေ့နိင် အမှတ်တရတွေကိုဖြင့်
ခင် ရေ
လွမ်း လျက် ပါ ပဲ .....
No comments:
Post a Comment