ဆုံး တစ်သက်
------
--------

မြင်မြင်ခြင်း ချစ်
ရင်ထဲ နှစ်လို့
သူ ပြောသမျှ
ယုံ ချင် တယ် ...
မမြင် မတွေ့
ရင်ခုန် ငွေ့မို့
စက္ကန့် တိုင်းမှာ
တွေ့ ချင် တယ် ...
မကြား တစ်ကြား
သူ စကား
နေ့စဉ် တိုင်းလည်း
ကြား ချင် တယ် ....
တစ်ခါ နှစ်ခါ
စိတ်ကောက်တာ
အသက် ရူတိုင်းမှာ
ချော ချင် တာ ....
တစ်သက် နှစ်သက်
မုန်း မဖက်
ဆုံး တစ်သက်ပဲ
ချစ် ချင် တာ ....
No comments:
Post a Comment