ဆွတ် ခူး လှည့် ပါ မောင်
---------------------------
ရနံ့ ထုံးသင်း တဲ့
ပန်းဂုဏ် သတင်းနှယ်
ချူ လိုသူတွေ က
များ များ လှပါပေါ့ မောင် ....
စိုးရွံ့ဘဝင် စိတ်အစဉ်နဲ့
စားလို့မဝင် လျောင်းစက်မပျော်
နှလုံးသားမှ ပွင့်တဲ့ပန်းကိုဖြင့်
အရင်ဆုံးလှမ်းခါ မြန်းလို့
ဆွတ်ခူးပါတော့လား မောင် ....
ခူးခြွေပါတော့ ချစ်ဦးရေ
ပျိုစင်စိတ်ကူး ညွှတ်ကူးတော့
မခူးခင် ကြွေမယ်
မှုးသခင် ပျို့ မောင်ရယ် ....
ချူ ပေါ့ တစ်ကယ်
ယူ ပေါ့ အတည်
ပျို့ရွှေတံချူရှင်လေးရယ်က
အပြေးလှမ်း လာရင်ဖြင့်
မျှော်နေသူ ရွှေရင်မမောပါဘူး
နေ့တိုင်းပင် မျှော်မိပြီ မောင် ....
နေ့စဉ် မှန်းစ
မျှော်မိသူ ဘဝရယ်က
ပန်းဘဝလို့ နွမ်းလျ
မှန်းစခါ လွမ်းရ
တမ်းတသူ သည်အဖြစ်ကိုဖြင့်
ကိုယ်ချင်းစားလှည့်ပါတော့ မောင်ရယ် ...
No comments:
Post a Comment