------------------
ပန်းကြိုက်သူ သဲ ကိုဖြင့်
ကျွမ်းမြိုက်ဆူ ရင်လွှာခန်းအောင်လို့
ချစ်တဲ့သူ မောင့်နှလုံးသားက
လွမ်းမီးတွေ မပေးရက်ဘူးကွယ် ....
တစ်နိင်ငံ ရေမြေခြားတာကြောင့်
မဖြေသာ ဝေဒနာတေးတွေနဲ့
စာကဗျာတွေ လှစ်ခြွေဘူးတယ်
သဲ သိပါမလား ကွယ် ....
မောင် အော်တာ တဒင်္ဂပါလေ
ရင်မှာနော် မပါခဲ့ပါဘူး
မျက်တော်ပြေ သဲ ဆီမှ
ရပါစေ ဆုတွေလည်း
တောင်းမိတယ် ညတိုင်းပါ
တစ်ခြုံကွယ် တစ်နွယ်မေ့တယ်ပေါ့
ရွှေစိတ်မှာ မှတ်ထင်မထားနဲ့
သဲ မျက်နှာ တစ်ရွာမှတ်သူမို့
အသဲနစ်အောင် အချစ်ရူး တယ် ....
အဝေး နေ အနေ ဝေးလည်း
မောင့်စိတ်ရယ် သဲ ဆီမှာလေ
ချစ်တာကို အပြစ်မဆိုနဲ့တော့
မခွဲတမ်း အသက်သက်တွေနဲ့
စွဲ စွဲလမ်းခါ ချစ်လျက်ရယ်မို့
နူတ်တစ်ရာ စာတစ်လုံးနဲ့
မူပိုင်ရှင် သဲ ထံသို့
မေတ္တာတွေ ဖွင့်လှစ်လိုက်မယ်
သဲ ရေ
မောင် လေ အရမ်း ချစ်တယ် .....

No comments:
Post a Comment