ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 25, 2014

နင်သိစေချင်တယ် ခင်

နင်သိစေချင်တယ် ခင်
----------------------
Photo: သိစေချင်တယ် ခင် ရယ်
------------------------

နင်သိစေချင်တယ် ခင်
----------------------

အမြစ် တွယ်
အရစ် နွယ်ခါ
မြင်မြင်ခြင်း ချစ်
ရင်ထဲ နှစ်လို့
ချစ်ခဲ့မိတယ် ခင် ....

ထားခဲ့မှာကို သိပေမယ့်
အကြောက်တရား နည်းစွာနဲ့
ပွင့်လင်းစွာ ရင်ဖွင့်မိသူက
လက္ခဏာလို့ ပွဲမဝင်ထိုက်လေသလား
မင်းကျန်စစ်လို့ ကျန်ရစ်ပင်
ဖြစ်ခဲ့လေသလား ခင် ....

တင်္ဒဂ အချစ်ဆိုတာတွေက
မည်သူ့ရင်မှ ဖြစ်မလာပါဘူး ခင်

သာယာမှု့ကို အခြေတည်
သဌ္ဓေတည်ခါ ဖြစ်လာတာက
ခဏတာ ချစ်ခြင်းတွေပါ ခင်

အကာ မှ အနှစ် သကာ မှ အချစ်ဆို
ကြိုတင်ခါ နင် တား ပါလား ခင်

ခုတော့ ခင်ရေ
ဖြေမနိင် အလွမ်းပွင့်တွေနဲ့
အခြေမခိုင် ဒီရင်နန်းက
အချစ်ဆိုတာ ဆူးတွေနဲ့လို့
ထင်မိပြီ တစ်ဘဝလုံး
ဩော်
နင့် အတွက်ကြောင့် ရှုံး ....

(ချစ်ရသူလှိုင်မင်း)
အမြစ် တွယ်
အရစ် နွယ်ခါ
မြင်မြင်ခြင်း ချစ်
ရင်ထဲ နှစ်လို့
ချစ်ခဲ့မိတယ် ခင် ....

ထားခဲ့မှာကို သိပေမယ့်
အကြောက်တရား နည်းစွာနဲ့
ပွင့်လင်းစွာ ရင်ဖွင့်မိသူက
လက္ခဏာလို့ ပွဲမဝင်ထိုက်လေသလား
မင်းကျန်စစ်လို့ ကျန်ရစ်ပင်
ဖြစ်ခဲ့လေသလား ခင် ....

တင်္ဒဂ အချစ်ဆိုတာတွေက
မည်သူ့ရင်မှ ဖြစ်မလာပါဘူး ခင်

သာယာမှု့ကို အခြေတည်
သဌ္ဓေတည်ခါ ဖြစ်လာတာက
ခဏတာ ချစ်ခြင်းတွေပါ ခင်

အကာ မှ အနှစ် သကာ မှ အချစ်ဆို
ကြိုတင်ခါ နင် တား ပါလား ခင်

ခုတော့ ခင်ရေ
ဖြေမနိင် အလွမ်းပွင့်တွေနဲ့
အခြေမခိုင် ဒီရင်နန်းက
အချစ်ဆိုတာ ဆူးတွေနဲ့လို့
ထင်မိပြီ တစ်ဘဝလုံး
ဩော်
နင့် အတွက်ကြောင့် ရှုံး ....

No comments:

Post a Comment