
ခင် သိလေမလား ကွယ်
-----------------------
မောင့် အသက်သေမှ
မျက်ရည်မကျပါနဲ့ ခင် !!!
သက်သေ ပြဖို့ရယ် လိုလေမလား
မောင့် မေတ္တာ အနန္တ ကိုဖြင့်
ဘယ်ပုံ ဘယ်နှီး နှိုင်းပြရမလဲ
စာတွေ မပို့လည်း နားလည်ပါရဲ့
မကြင်နာလည်း မမုန်းသူကွဲ့
သေဖီခွာလည်း ချစ်နေစဲနဲ့
နေပူရင် အရိပ်မိုးပေးချင်သူ
မိုးရွာရင်လည်း အရိပ်ခိုစေချင်သူ
အားငယ်မသနားတော့
ဖေးကူသူ မောင့်နှလုံးသားက
နွမ်း နွမ်း လို့ ကြွေ သိပါစေလေ ....
ခင် ရေ
မောင့် ရင်မယ် ဆယ်နွေကယ်လို့
ကုရာ ဆေးထိ နတ်မရှိဘူး
ဘယ်အမုန်းရယ် ဘယ်အငြိုးနဲ့
မေ့မယ်ကွယ် ကြံရွယ်ပေမယ့်
ချစ်မိသမျှနွံ အမြစ်ကျွံတော့
ရစ်ချည်ထုံး သံယောဇဉ်က
ပျက်ဖို့ရန်ကွယ် ခက်လှတယ် .....
ဩော်
ခင်မကြင် သစ်စိမ်းချိုးလည်း
မောင့် အချစ်တွေကလေ
အပင်ခုတ်ခါ အကိုင်းချိုးစေ
ချိုးလေ သန်လေ မေတ္တာစစ်မို့
ခဏတာ ပျက်ကြွေလွင့်ပေမယ့်
သစ်ပင်နှယ် သဘောတရားနဲ့
ရွက်သစ်တွေ ဝေဆာမြူးတယ်
အချစ်ရယ်
ချစ် လျှက် ပါ ပဲ .....
No comments:
Post a Comment